အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာဥပဒေကြမ်းကို ယခု နှစ်အတွင်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်
ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်သုံးသပ်ရေး
ကော်မရှင်သို့ တင်ပြထားပြီဖြစ်ကြောင်းသတင်းရရှိသည်။
‘‘အိမ်ခြံမြေတွေမှာ ရောင်းမှားဝယ်မှားမဖြစ်ဖို့၊ ဈေးနှုန်းအ တက်အကျကြမ်းတာတွေ မဖြစ်ဖို့ ဒီဥပဒေက
အထောက်အကူပြု သွားမှာပါ’’ ဟု မြန်မာနိုင်ငံအိမ်ခြံ မြေ၀န်ဆောင်မှုအသင်း
ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
အဆိုပါဥပဒေပေါ်ထွက်လာမှသာ တစ်နိုင်ငံလုံးတွင် ပျံ့ကျဲနေသော အကျိုးဆောင်လုပ်ငန်းရှင်များကို စည်းကမ်းတကျ လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဥပဒေများနှင့် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဦးသန်းဦးကဆိုသည်။
ယခုဥပဒေပြဋ္ဌာန်းဖြစ်ပါက နိုင်ငံတော်က အခွန်အခများအ ပြည့်အ၀ရရှိလာနိုင်ပြီး အကျိုးဆောင်ခသတ်မှတ်ချက်နှင့် လုပ်ငန်းအပ်နှံသူနှင့် အကျိုးဆောင်များအကြား အငြင်းပွားမှုလျော့ နည်းစေရန် လျှော့ချနိုင်မည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များကဆိုသည်။
‘‘ဒီဥပဒေ သတ်မှတ်ဖို့က မြန်မာနိုင်ငံအနေနဲ့ တော်တော် နောက်ကျနေပြီ။ စင်ကာပူတို့၊ မလေးတို့မှာဆို တော်တော်လေး အသုံးတွင်ကျယ်နေပြီ’’ ဟု မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းအတွင်းရေးမှူး
ဒေါ်မို့မို့အောင်က ပြောသည်။
လက်ရှိ အိမ်ခြံမြေ ဈေးကွက်အတွင်း လိုအပ်နေသောဥပဒေများ
အချိန်မှီ ပြဌာန်းနိုင်မှသာ ဈေးကွက်မှာ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်ကဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com