ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်၏ မြို့လယ်ပိုင်းတွင် နေရာမကျန်တော့သဖြင့်
ကမ္ဘောဒီးယား developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ)
များက မြို့လယ်ပိုင်းကို စွန့်ခွါ၍ မြို့စွန်မကျတကျ ဆင်ဖြေဖုံးခရိုင်များသို့ မျက်စိကျနေကြသည်။
၂၀၁၆ ခုနှစ်အတွင်း အိမ်ရာသစ် ဆောက်လုပ်မှု၏ ထက်ဝက်ကျော်သည်
Por Senchey၊Sen Sok နှင် Dangkao ခရိုင်များတွင် ဖြစ်ကြောင်း ကမ္ဘောဒီးယားအိမ်ခြံမြေအတိုင်ပင်ခံ
ကုမ္ပဏီ Vtrust Appraisal ၏ ယခုနောက်ဆုံးထုတ်ပြန်ထားသော ဗီယက်နမ်အိမ်ခြံမြေဈေးကွက်အလားအလာခန့်မှန်းချက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
"မြို့လယ်မှာ အိမ်ရာသစ်ဆောက်ဖို့ မြေနေရာမရှိတော့ပါဘူး။ ဒါကြောင့်
ဆင်ခြေဖုံးဧရိယာတွေမှာ ဆောက်လုပ်ဖို့ ဖြစ်လာတာပါ။ ဒီတော့ အဲ့နေရာတွေမှာရောင်းလိုအားကလည်း မြင့်လာပါတယ်" ဟု VTrust ၏ သုတေသနဒါရိုက်တာဟိုအင်းဆေဟာက Cambodia Daily ကမ္ဘောဒီးယားနေ့စဉ်ထုတ်သတင်းစာသို့
ပြောကြားခဲ့သည်။
Developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များသည်ဖနွမ်းပင်မြို့လယ်မှ အာရုံပြောင်း၍ ပိုမိုဈေးသက်သာသော ဆင်ခြေဖုံးရပ်ကွက်များ၏မြေကွက်များကို ရှာဖွေနေကြသည်။ Por Senchey အပါအ၀င်ဖနွမ်းပင်အနောက်ပိုင်းခရိုင်များရှိ မြေဈေးများ၏
ဖွံ့ဖြိုးမှုနှုန်းသည် ကာလရှည်ကြာတန့်နေခဲ့သည်။
ဖနွမ်းပင်တွင် ၂၀၀၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြား အိမ်ခန်း စုစုပေါင်း ၁၀၀,၂၇၈
တည်ဆောက်ခဲ့သည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၇,၁၀၀ ခန်း နှုန်းဖြစ်ကြောင်း
စုစုပေါင်း ၁၀၀,၂၇၈ ခန်းအနက် ၂၀၁၅ တစ်နှစ်တည်း၌ ၁၄,၀၀၀ ခန့် စံချိန်တင်တည်ဆောက်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com