ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားအိမ်ခြံမြေ အကျိုးဆောင်များအနေဖြင့် တရားမဝင်လုပ်ကိုင်မှုများအား စာရင်းကောက်ယူခဲ့ပြီးဖြစ်သော်လည်း အရေးယူနိုင်သည့် ဥပဒေမရှိသေးခြင်းကြောင့် တိုင်ကြားမှုမပြုသေးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးစိုင်းခွန်နောင်မှ သုံးသပ်ပြောကြားသည်။
ရန်ကုန်တိုင်းအတွင် ခွင့်ပြုချက်မဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံခြားသားများ ဆယ်ဦးထက်မကရှိနေသည်။၎င်းတို့အနေဖြင့် နိုင်ငံခြားသားအချင်းချင်း အဓိကထားဈေးကွက်ရှာဖွေကြခြင်းဖြစ်သောကြောင့် ပြည်တွင်း
အိမ် ခြံ မြေ အကျိုးဆောင်များအပေါ်ထိခိုက်နစ်နာမှုများ
ရှိကြောင်းလည်း ပြည်တွင်းအိမ်ခြံမြေအကျိုးဆောင်များ
ကဆိုသည်။
"""နိုင်ငံခြားသားအကျိုးဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို လေးစားမှုလုံးဝမရှိဘူးလို့ကျွန်တော်မြင်ပါတယ်။ဝန်ဆောင်မှုကဏ္ဍနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာသံရုံးတွေအနေနဲ့ သတိပေးတားမြစ်ချက်တွေထုတ်ပြန်ခဲ့ပေမယ့် ဆက်လုပ်နေကြဆဲပါပဲ။ဒါနဲ့ ပတ်သက်လို့ရန်ကုန်တိုင်းလွှတ်တော်မှာလည် တင်ပြခဲ့တာကိုတွေ့ရပါတယ်။အခုဆို ပြည်သူ့လွှတ်တော်ကို ထပ်လွှဲထားပါတယ်။ပြည်သူ့လွှတ်တော်မှာ အတည်ပြုပြီးလို့ အရေးယူလို့ရမယ့် ဥပဒေတွေ ထွက်လာပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တိုင်ကြားသွားမှာပါ။လောလောဆယ် မတိုင်သေးတာက အရေးယူလို့မရနိုင်သေးတဲ့အတွက် ၊ ဥပဒေရဲ့ အားနည်းချက်တွေရှိနေသေးလို့မတိုင်ကြားရသေးတာပါ။တကယ်လို့ ဒီအချိန်မှာ MIC ကိုတိုင်လည်း Announced လုပ်တာကလွဲရင် အရေးယူဖို့အခက်အခဲရှိနေဦးမှာပါ။""ဟု ဦးစိုင်းခွန်နောင်မှ ပြောကြားခဲ့သည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com