နယူးယောက် က အိမ် ခြံ မြေ အေးဂျင့်တွေဟာ တိုက်ခန်းရောင်းချဖို့ ထူးဆန်းတဲ့ နည်းလမ်းအဖြစ် Snapchat ကနေ ရောင်းချနိုင်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။
မိုက်ကယ်ဟော့ဖ်မန်းနဲ့ ဒေါ်လီ မက်ခ်လာတို့ဟာ ဒီနည်းလမ်းကို စဉ်းစားမိကြပြီးနောက် မက်ခ်လာ ဟာ သူရဲ့ Follower တွေကို တိုက် ရိုက်ဆက်သွယ်ပြီး ဒီအလုပ်ကို နားလည်အောင်ပြုလုပ်ပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ သူတို့ ရဲ့ Snaplistings အကောင့်ကို နားလည်လာပြီးနောက် Follower စာရင်းထဲမှာရှိတဲ့ အေးဂျင့်လေးဦးက မြို့တစ်ဝိုက်က ရောင်းလိုငှားလိုတဲ့ တိုက်ခန်းတွေအကြောင်းကို ရှင်းပြပေးကြတာပါ။
Follower တွေက အေးဂျင်တွေဆီကို တိုက်ရိုက်ဆက်သွယ်ပြီး သူတို့ရဲ့ လိုအပ် ချက်ငွေကြေးနဲ့ အေးဂျင့်တွေနဲ့ အမြင်ကို မေးမြန်းကြပါတယ်။ အ များစုကဈေးနိမ့်နိမ့်နဲ့ ငှားလိုတဲ့ လူငယ် Snapchat ပရိသတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဟော့ပ်မန်းနဲ့ မက်က်လာတို့ဟာ ဈေးသက်သာ တဲ့ ပရော့ပါတီတွေဟာ သူတို့ ဖောက်သည်တွေအကြား လူကြိုက် များနေကြောင်း ပြောပါတယ်။
Credit: CNBC