အွန်လိုင်းကို အသုံးပြုသူတွေ များလာတာနဲ့အမျှ အိမ်ခြံမြေ အရောင်းအဝယ် အငှားတွေကို အွန်လိုင်းတင်ပြီး ရောင်းနိုင်တဲ့ ဂရု(ပ်)တွေ ပိုပြီး များပြားလာတယ်လို့ သိရပါတယ်။
အရောင်းအဝယ်လုပ်နေတဲ့ ဂရု(ပ်)တွေက ၁၀ခု လောက် ရှိနေတာ ဖြစ်ပါတယ်။ သည်ဂရု(ပ်)တွေက အိမ်ခြံမြေ ရောင်းဝယ်ရေး၊ အိမ်ခြံမြေ လမ်းဆုံ၊ အိမ်ခြံမြေ ပွဲစားလေး စတဲ့ ဂရု(ပ်) တွေ ရှိလာကြပါတယ်။ ဒါတွေအပြင် ဝက်ဘ်ဆိုက်တွေမှာ တင်ပြီး ကြော်ငြာလာတာတွေလည်း ရှိနေပါတယ်။
ဂရု(ပ်)တွေကို ရောင်းဖို့ ဝယ်ဖို့ ငှားဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတိုင်းအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အခမဲ့ အကျိုးဆောင်ပေးနေတဲ့ သူတွေ ရှိသလို အခကြေးငွေ ယူပြီး ပြုလုပ်ပေးနေတဲ့ သူတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်း အပြင်မှာ ကြော်ငြာတဲ့ သူတွေ နည်းသွားပြီး ဖေ့စ်ဘုတ်ခ်မှာ တင်ပြီး ကြော်ငြာတာတွေက ပိုပြီးများလာပါတယ်။ သည်လို ဂရု(ပ်)တွေမှာ တင်ပြီး ရောင်းဝယ်ကြတာတွေက အခကြေးငွေ သက်သာစေနိုင်သလို ရောင်းတာတွေ ဝယ်တာတွေ အပြင် ငှားရမ်းတာတွေကိုပါ မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။
သည်လို အိမ်ခြံမြေ ဂရု(ပ်)တွေက မြို့နယ်အလိုက်အတွက် ပြုလုပ်ထားတာ ဖြစ်ပြီး ဒေသအလိုက် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေ၊ ငှားရမ်းခတွေကိုပါ အချိန်နဲ့တစ်ပြေးညီ တင်နေကြတာတွေလည်း ရှိပါတယ်။
အိမ်ခြံမြေ ဂရု(ပ်)တွေ များလာတာကြောင့် လိုအပ်သူတွေ လွယ်လွယ်ကူကူနဲ့ ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Credit: Kumudra