အိပ်ငိုက်နေတဲ့ ရန်ကုန်စတော့အိတ်ချိန်း

အိပ်ငိုက်နေတဲ့ ရန်ကုန်စတော့အိတ်ချိန်း - Property News in Myanmar from iMyanmarHouse.com
25 Jan 2017 9:55 am တွင် တင်ခဲ့သည်
1141 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်း သို့မဟုတ် အများသိကြသည့် YSX (Yangon Stock Exchange) တွင် တနေ့တာ အရောင်း အဝယ်ကျဆင်းမှုကို မှတ်တမ်းတင်ရန် ကေဘယ် ရုပ်မြင်သံကြား ရိုက်ကူးရေး အဖွဲ့ တဖွဲ့ နေ့စဉ်ရောက်ရှိလာသည်။ ၎င်း၏အစီရင်ခံစာမှာ ထုံးစံအတိုင်း တိုတောင်းလှသည်။

မြန်မာစတော့ဈေးနှုန်းအညွှန်းကိန်း MYANPIX သည် ၂ ရက်ဆက်တိုက် အပြောင်းအလဲမရှိဘဲ စုစုပေါင်းရောင်းဝယ်မှု ပမာဏ ဒေါ်လာ ၄၇၀၀၀ မပြည့်ဘဲ ၆၂၇. ၄၂ မှတ်ဖြင့် ဈေးပိတ်သွားသည်။ စာရင်းဝင် ကုမ္ပဏီတ ခုဖြစ်သော မြန်မာနိုင်ငံသားများဘဏ် Myanmar Citizens Bank ၏ ရှယ်ယာများမှာ လုံးဝအရောင်းအဝယ်မရှိပေ။ စတုတ္တမြောက် ကုမ္ပဏီမှာ မကြာခင်ကမှ စာရင်းဝင်လာခြင်း ဖြစ်သည်။

စတော့အိတ်ချိန်းမှ ဘလောက်တခုအကွာအဝေးရှိ သူ၏ရုံးခန်းအတွင်းမှ မာတင်ဇန်၏ဖုန်းသံ မြည်လာသည်။ အမှာစာ တင်သွင်းသော ဖောက် သည်ဖြစ်မည်ထင်ပြီး သူအနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ခဏအကြာတွင်မူ သူ၏မျှော်လင့်ချက်များ ကျဆင်းသွားသည်။ “သူက စတော့ဈေးကွက်ထဲက ငွေတွေပြန်ထုတ်ပြီး ကားဟောင်းဈေးကွက်မှာ ရင်းနှီးမြှုပ်နှံရင် ကောင်းမလားလို့သိချင်နေတာ” ဟု မစ္စတာဇန် က ပြော သည်။

အမေရိကန်စတော့ဈေးကွက်မှာမူ ဒေါင်းဂျုံးအညွှန်းကိန်း Dow Jones Industrial Average ၂၀၀၀၀ မှတ်နား ကပ်လာပြီး ရှယ်ယာများကို ထုတ်ရောင်းနေကြသည်။ သို့သော် ဒေါ်လာဈေးတက်ပြီး ငွေကစားသူများ ကို ငွေကြေးမှောင်ခို ဈေးကွက်က စွဲဆောင်ထားသဖြင့် ကမ္ဘာ့အသေးငယ် ဆုံး စတော့အိတ်ချိန်းများဖြစ်သော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့တွင် အရောင်းအဝယ် ရပ်တန့်နေသည်။

နယူးယောက်စတော့အိတ်ချိန်းမှာမူ အရောင်းအဝယ် အဖြစ်ဆုံးနေ့များ တွင် ဒေါ်လာဘီလီယံ ၁၀၀ ခန့် အထိ ကိုင်တွယ်ရသောကြောင့် ကုန်သည် များမှာ espresso ကော်ဖီပြင်းသောက်ပြီး အားယူကြရသော်လည်း ရန်ကုန်စတော့အိတ်ချိန်း၏ စီကျူရတီ ကုမ္ပဏီများ၏ ရုံးခန်းများ မှ ဖောင်တိန်အချို့ ကလစ်အချို့မှလွဲပြီး အကြီးအကျယ် လူသူကင်းမဲ့နေ သည်။ မြန်မာစတော့ဈေးကွက်မှာ မတ်လက စတင်ကုန်သွယ်ချိန်မှစပြီး ၄၄ ရာခိုင်နှုန်း ကျဆင်းနေသည်။

မစ္စတာဇန်သည် မြန်မာနိုင်ငံ၏ထုံးစံ စီးပွားရေးလုပ်ငန်းဖြစ်သော အဖြူရောင် လည်ကတုံးရှပ်နှင့် လုံချည်ကို ဝတ်ကာ သူ၏နေ့များကို လက်ဖက်ရည်ဆိုင်တွင် အတင်းအဖျင်းပြောရင်း သို့မဟုတ် ရုံးခန်းသို့ လာရောက်လည်ပတ်သော ဖောက်သည်များနှင့် ထွေရာလေးပါးပြောရင်း အချိန်ဖြုန်းသည်။ ကျန်အချိန်များတွင်မူ အသက် ၄၃ နှစ်အရွယ် မစ္စတာဇန်သည် ဖောက်သည်သစ်ရှာရန် ဖုန်းလျှောက်ဆက်သည် သို့မဟုတ် လူထုကို စတော့ ဈေးကွက်အကြောင်း ပညာပေးရန် သူ တည် ထောင်ထား သောဖေ့ဘွတ်စာမျက်နှာတွင် အလုပ်လုပ်သည်။

“တခါတခါ စတော့အိတ်ချိန်း ဘယ်လိုလည်ပတ်တယ်ဆိုတာကို ရှင်းပြတဲ့ဗီဒီယိုတွေ ကျနော်တင်တယ်။ ရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ ကုမ္ပဏီတွေကို ဘယ်လိုလေ့လာရမယ်ဆိုတာ ရှင်းပြတာတွေ တင်တယ်။ တခါတခါ ဆောင်းပါးတွေရေးတယ်။ ပြည်သူတွေ စတင်ရင်းနှီးမြှုပ်နှံပြီး ဘာပဲလိုလို အဆင်သင့်ဖြစ်အောင် ကြိုးစားတာ သက်သက်ပါပဲ” ဟု သူ ရှင်းပြသည်။

စတော့အိတ်ချိန်းကလည်း မည်သူမဆို ကြည့်ရှုလေ့လာရန် စာကြည့်တိုက်ငယ်တခု ဖွင့်လှစ်ထားသည်။ စာအုပ်များတွင် ဝါရင်ဘူးဖက် အတ္ထုပ္ပတ္တိ၊ စတော့ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်သွယ်ခြင်း စတင်လုပ်ကိုင်ခြင်းနှင့် မပြောကောင်းပြောကောင်း James Rickards ၏ ငွေကြေး၏ဈာပန၊ ရောက်လာတော့မည့် နိုင်ငံတကာငွေကြေးစနစ်ပြိုကွဲပျက်စီးခြင်း “The Death of Money: The Coming Collapse of the International Monetary System အထိ ပါသည်။ လာရောက်လှန်လှောသူ မည်သူ့ကိုမျှ မတွေ့ရပေ။

ထိုသို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံသားများကုန်သွယ်မှု မကြိုက်သောကြောင့် မဟုတ်ပေ။

ရန်ကုန်စတော့အိတ်ချိန်း၏ နောက်ဘက်နားရှိ သံဆူးကြိုးများနှင် တိုရိုတာဆီဒင်ကားစုတ်တစီးအနားတွင် လူ ၁၅၀ ခန့်သည် ဒေါ်လာမှောင်ခိုဈေးကို ရေးမှတ်နေကြရင်း ဖုန်းများဖြင့် အော်ဟစ်စကားပြောနေကြသည်။

မကြာသေးမီက မြန်မာကျပ်ငွေ စံချိန်တင် ဈေးကျဆင်းပြီး ယခင်နှစ်လယ်ကထက် ၁၆ ရာခိုင်နှုန်း ကျဆင်းကာ တဒေါ်လာလျှင် ၁၃၈၀ ကျပ်နီးပါးရှိလာသောအခါ မှောင်ခိုငွေဈေးကွက်မှာ လွန်စွာအလုပ်ဖြစ်လာသည်။ အနီးရှိ ဈေးသည်များကလည်း ငွေကုန်သည်များ အစာပြေစေရန် သို့မဟုတ် နိုးကြားနေစေရန် မြေပဲ သို့မဟုတ် စီးကရက်များကို လှည်းများဖြင့် ရောင်းချပေးကြသည်။

“ကျပ်ငွေတန်ဖိုးက အရမ်းမြန်မြန်ကျဆင်းနေတော့ ဈေးကောင်းရဖို့ ဖိအားက တနေ့ထက်တနေ့ များများလာတယ်။ ၁၅၀၀ ကျပ်အထိတောင် ကျနိုင်သေးတယ်လို့ တချို့က ထင်နေကြတယ် “ ဟု ကိုဝင်းစိန် အမည်ရှိ ကုန်သည်တဦးက ဖုန်းကို ရင်ဘတ်နားတွင် ကိုင်ထားရင်း ပြောသည်။

အခြား ဆင်းရဲသောနိုင်ငံများကဲ့သို့ပင် မြန်မာသည် စတော့အိတ်ချိန်းပိုင်ဆိုင်ခြင်းကို အဆင့်အတန်းတခုနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့သောတနှစ်ကျော်က နိုင်ငံ့ခေါင်းဆောင်ဖြစ်လာပြီးနောက် စီးပွားရေး လမ်းဖွင့်လာခြင်း၏သင်္ကေတဟု မြင်သည်။

ကျနော်တို့ဟာ ခေတ်နောက်ကျတဲ့နိုင်ငံမဟုတ်တောဘူးဆိုတာ ကမ္ဘာကို ကြေညာနိုင်ပါပြီ” ဟု ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စတော့ဈေးကွက်ဖွင်ပွဲနေ့တွင် ပြောသည်။
ပထမဆုံး စာရင်းဝင်ကုမ္ပဏီဖြစ်သည့် ပြည်တွင်းလုပ်ငန်းစု First Myanmar Investment, or FMI တွင် ရင်းနှီးမြှုပ်နှံကြရန် ရင်းနှီးမြှုပ်နှံသူများ အလုအယက် လာရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ ဆဲလ်ဖုန်းကွန်ရက်များ အနက်တခုကို ကူညီတည် ထောင်ပေးပြီးနောက် ရန်ကုန်ရှိ KBZ Stirling Coleman Securities တွင် ယခင်နှစ်က စတင်ပြီး စတော့ရှယ်ယာပွဲစား ဖြစ် လာသော မစ္စတာဇန်က ပြောပြသည်။

“လူတန်းကြီးတွေက တံခါးပေါက်ကို ကျော်ပြီး လမ်းမအထိရောက်နေတာ။ သူတို့ ဘာလုပ်ချင်တာလဲဆိုတာ မေးစရာ တောင်မလိုဘူး။ သူတို့အားလုံးက ဝယ်ချင်နေကြတာ။ သူတို့က ဘယ်ဈေးလဲဆိုတာပဲ မေးကြတယ်” ဟု မစ္စတာဇန်က ပြောသည်။

သူနှင့် သူ၏ KBZSC (KBZ Stirling Coleman Securities)တို့သည် နံနက် ၇ နာရီ သို့မဟုတ် ထိုထက်စောစောတွင် အလုပ်စတင်ရပြီး ရှယ်ယာသစ်ဝယ်လိုသူများ အားလုံးကို တနေ့လျှင် ၁၂ နာရီအထိ မှတ်ပုံတင်ပေးနေရသည်။

စတော့ဈေးကွက် ပထမဆုံးနေ့က FMI ရှယ်ယာဈေးမှာ အဖွင့်ဈေး ၃၁၀၀၀ ကျပ်မှ ၄၁၀၀၀ ကျပ်သို့ မြင့်တက်သွားကာ အထိတ်တလန့်ဖြစ်စေခဲ့သည်။ ထိုကုမ္ပဏီကို တည်ထောင်သူ Serge Pun ကလည်း နေ့စဉ်ဈေးကွက် အဖွင့်အပိတ် အချက်ပြတီးခတ်သည့် ကြေးခေါင်းလောင်းကြီးကို ပွေ့ပိုက်ကာ အောင်ပွဲခံခဲ့သည်။

ဒုတိယမြောက်စာရင်းဝင် ကုမ္ပဏီမှာ ရန်ကုန်မြို့အနီးတွင် စက်မှုဇုန်ကြီးတခုကို စီမံသည့် မြန်မာသီလဝါအထူးစီးပွားရေးဇုန် Myanmar Thilawa SEZ Holdings ဖြစ်ပြီး ရှယ်ယာဈေးများ ကျပ် ၅၀၀၀၀ မှ ကျပ် ၇၀၀၀၀ အထိတက်သွားသည်ကို ကြုံ ခဲ့ရသည်။

“အဲဒီတုန်းက အရမ်းစိတ်လှုပ်ရှားစရာကောင်းတာဗျ” ဟု ထိုကုမ္ပဏီ၏အမှုဆောင်ဒါရိုက်တာ ဦးထွန်းမောင်လှိုင်က ပြော သည်။ “Wall Street ရုပ်ရှင်ထဲက အတိုင်းပဲ။ ခင်ဗျားသိတဲ့အတိုင်း လောဘက ကောင်းတယ်လေ” ဟု သူ ဆက်ပြော သည်။

သို့သော် သိပ်ကြာကြာမခံခဲ့ပေ။ ရှယ်ယာနှစ်ခုလုံး ဈေးများပြန်ကျပြီး FMI က ၃၂၀၀၀ ကျပ်၊ ထိုမှ ၁၄၀၀၀ ကျပ်အထိ ဆက်လက်ကျဆင်းပြီး ထိုဈေးအတိုင်းသာရှိတော့သည်။ တတိယမြောက်ကုမ္ပဏီ မြန်မာနိုင်ငံသားများဘဏ်မှာ လွန်ခဲ့သော သြဂုတ်လစတင်ကုန်သွယ်ချိန်မှစပြီး ဈေးမလှုပ်သလောက်ပင်ဖြစ်လာကာ အာရုံစူးစိုက်မှုမှာ အမေရိကန်စတော့အိတ်ချိန်း ဘက်ရောက်သွားပြန်သည်။ သောကြာနေ့က စတော့အိတ်ချိန်း စတင်ဝင်ရောက်လာသော ပထမပုဂ္ဂလိကဘဏ်မှာ ရှယ် ယာဈေး ၅၀၀၀ ကျပ်ကျပြီး ထိုနေ့က အောက်ဆုံးကန့်သတ်ထားသောဈေး ၃၄၀၀၀ ကျပ်သို့ရောက်သွားသည်။

စတော့အိတ်ချိန်းသည် မြန်မာအစိုးရ၊ Japan Exchange Group နှင့် Daiwa Institute of Research တို့၏ ဖက်စပ် လုပ်ငန်းဖြစ်သောကြောင့် ဆက်လက်ရှင်သန်သင့်သည်။ စတော့ဈေးကွက်အတွင်း နိုင်ငံခြားသားများ ပါဝင်ခွင့်ပြုမည့် ဥပဒေသစ် ဖြစ်နိုင်ခြေ အလားအလာကို မျှော်လင့်နေကြောင်း ဈေးကွက်မန်နေဂျာ ကိုမင်းသူက ပြောသည်။

အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန်လည်း စီးပွားရေးပညာရှင်များက မျှော်လင့်နေကြသည်။ ထိုသို့ မျှော်လင့်နေသောအဖွဲ့လိုက် ရင်းနှီးမြှုပ်နှံသူများတွင် အရက်ချက်လုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့်အခြား စီးပွားရေးလုပ်ငန်းများပိုင်ဆိုင်သော မြန်မာစစ်တပ်ပင် ပါဝင်သည်။

လတ်တလောတွင်မူ စတော့အိတ်ချိန်းအနီး ပြောနေကြသောစကားများမှာ ကားဟောင်းများ ဈေးတက်သွားစေသော အစိုးရသစ်၏ ဂျပန်ကားဟောင်းတင်သွင်းမှု ကန့်သတ်သောစည်းမျဉ်းသစ်များအပေါ် အာရုံစိုက်နေသည်။

“လူတွေက အရောင်းအဝယ်လုပ်ဖို့ ဇာတ်လမ်းတွေကို အမြဲမျှော်နေကြတာ၊ ဒါပေမယ့် လောလောဆယ်မှာတော့ ဇာတ်လမ်းက စတော့ရှယ်ယာမဟုတ်သေးဘူး၊ ကားဟောင်းတွေပဲ ဇာတ်လမ်းဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service