အစိုးရကာလ အဆက်ဆက်က လုပ်ကိုင်ခွင့်ပြုမိန့် မျိုးစုံနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေ ရရှိထားတဲ့ သူတွေ ကို သတ်မှတ်ကာလ လေးနှစ်အတွင်းမှာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိရင် မြေကွက် တွေကို ပြန်လည် သိမ်းဆည်းသွားမယ်လို့ သိရပါတယ်။
“ဒေသအသီးသီးမှာ အဲ့ဒီလို မြေတွေ ရှိတယ်၊ ဒါတွေကို ကိုယ်မလုပ်နိုင်ရင် အစိုးရကို ပြန်အပ်ကြဖို့ ဒေသအသီး သီးက သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို စာပို့ထားပြီးသားပါ၊ ဒါပေမဲ့ ပြန်လာအပ်တဲ့သူက အနည်းငယ်ပဲ ရှိ သေးတယ်၊ အတင်း ပြန်သိမ်းရမယ့် သဘောရှိတယ်၊ သတ်မှတ်ကာလ လေးနှစ်ဆိုတာကတော့ သူတို့ကို လုပ် ကိုင်ခွင့် ချပေးပြီးတဲ့ နေ့က စလို့ပေါ့” လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယ အမြဲ တမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟို ကော်မတီကလည်း စီမံကိန်း နှင့် ဘဏ္ဍရေး ဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက်နဲ့အညီ နိုင်ငံနဲ့ အဝန်းမှာ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် ရယူထားပြီး ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးခဲ့တဲ့ မြေကွက်တွေ အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ်ကစပြီး စာရင်းကောက် ယူနိုင်ဖို့ ပြည်ထောင်စု အစိုးရရုံးကို တင်ပြထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
အစိုးရအနေနဲ့ သတ်မှတ်ကာလ လေးနှစ်အတွင်းမှာ လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း မရှိတဲ့ မြေတွေကို ပြန်လည် သိမ်းယူပြီး အမှန်တကယ် လုပ်ကိုင်လိုတဲ့ တောင်သူလယ်သမားတွေ၊ လုပ်ငန်းရှင်တွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုတဲ့ သူတွေကို ချထားပေးဖို့ စီမံဆောင်ရွက်လျက် ရှိတယ်လို့ သိရပါ တယ်။ ဒါ့အပြင် ဒေသအသီးသီးမှာ ရှိတဲ့ ဒေသခံ လယ်မဲ့ ယာမဲ့ တောင်သူလယ်သမားတွေကိုလည်း သည်မြေ လွတ်၊ မြေလပ် နဲ့ မြေရိုင်းတွေ ချထားပေးနိုင်ဖို့လည်း စီမံဆောင်ရွက်လျက် ရှိပါတယ်။
“ဦးတို့ကတော့ ဒီမှာ ချထားပေးတဲ့ စာရင်းတွေ ရှိတယ်လေ၊ သူတို့ဟာ သူတို့ လုပ်ငန်း လုပ်ကိုင်နိုင်ခြင်း မရှိလို့ ပြန်လာအပ်ရင်တော့ ပိုကောင်းတာပေါ့” လို့ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဒေသအသီးသီးမှာ ရှိတဲ့ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းတွေ ရရှိထားပြီး သတ်မှတ်ကာ လအတွင်းမှာ လုပ်ငန်း လုပ်ကိုင်ခြင်းမရှိတဲ့ သူတွေကို မြေကွက်တွေ ပြန်လည် အပ်နှံကြဖို့ အကြောင်းကြား ထားပြီး ပြန်လည် အပ်နှံခြင်း မရှိပါက အစိုးရအနေနဲ့ ပြန်လည် သိမ်းယူမှာ ဖြစ်ကြောင်း တရားဝင်စာနဲ့ ကြေ ညာချက် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
Credit: Kumudra