ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား Space Odyssey ဒါရိုက်တာ၏ ပြင်သစ်ရှိနေအိမ် ပေါင်တစ်သန်းခွဲဖြင့် ရောင်းချမည်

ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား Space Odyssey ဒါရိုက်တာ၏ ပြင်သစ်ရှိနေအိမ် ပေါင်တစ်သန်းခွဲဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
24 Jan 2017 11:28 am တွင် တင်ခဲ့သည်
1102 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား “2001: A Space Odyssey” ဒါရိုက်တာ စတန်လေ ကူးဘရစ်၏ ပြင်သစ်ရှိနေအိမ် ပေါင် တစ်သန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချမည့်နေအိမ်မှာ ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း၊ ဒေါ်ဒေါ့ဂ်ျနီတွင် တည်ရှိပြီး အားလပ်ရက် အပန်းဖြေရန် ရည်ရွယ်ကာ ဝယ်ယူထားသည့် နေအိမ်ဖြစ်သည်။

စတန်လေကူးဘရစ်သည် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများဖြစ်သော “Spartacus,” “A Clockwork Orange” နှင့် “2001: A Space Odyssey” ဇာတ်ကားတို့ဖြင့် နာမည်ကျော်ခဲ့ပြီး အသက် ၇၀ အရွယ်၊ ၁၉၉၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ကာ ဇနီးဖြစ်သူ ခရစ္စတင်း ကူးဘရစ်က ပြင်သစ်ရှိနေအိမ်ကို ပေါင် ၁ ဒသမ ၄၈၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၅၇၈ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

ခြံအကျယ်အဝန်းမှာ ၁ ဒသမ ၂ ဧက ကျယ်ဝန်းပြီး အလယ်ခေတ်ကျေးရွာတစ်ခုဖြစ်သည့် Domme ကျေးရွာ၏ အလယ်ဗဟိုတွင် တည်ရှိသည်။

အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်သည့် ပင်မနေအိမ်မှာ ၁၇ ရာစုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမူ မွမ်းမံမှုများ ပြန်လည်ပြုလုပ်ထားသည်ဟု ဆိုသည်။
ခြံဝန်းအတွင်း ကြီးမားသော ပန်းဥယျာဉ်တစ်ခုပါဝင်ပြီး ရေကူးကန်တစ်ခုလည်း ပါဝင်ကာ ဒေါ်ဒေါ့ဂ်ျနီတောင်ကြား၏ အလှကို ခံစားနိုင်သည်။

စတန်လေကူးဘရစ်ကို ခြံဝန်းအတွင်း၌ မြှုပ်နှံခဲ့ပြီး သမီးဖြစ်သူ အင်ညာ ကူးဘရစ်သည်လည်း ၂၀၀၉ ခုနှစ်အတွင်း ကွယ်လွန်ခဲ့ရာ၌ အဆိုပါခြံဝန်းအတွင်းတွင်ပင် မြှုပ်နှံထားခဲ့သည်။ဇနီးဖြစ်သူ
မစ္စကူးဘရစ်မှာမူ ယင်းနေအိမ်တွင် နေထိုင်ဆဲ ဖြစ်သည်။

၁၉၆၈ ခုနှစ်က ရိုက်ကူးခဲ့သော 2001: A Space Odyssey သည် ခေတ်ရှေ့အလွန်ပြေးသော သိပ္ပံဆန်းကြယ်ဇာတ်ကားဖြစ်ပြီး အကောင်းဆုံး Visual Effects ပြုလုပ်မှု အော်စကာဆု ရရှိခဲ့သည်။
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်က ယင်းရုပ်ရှင်သည် မိမိတို့မျိုးဆက်၏ မဟာပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့ဖူးသည်။

သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားများစာရင်းတွင် 2001: A Space Odyssey ဇာတ်ကား အမြဲပါဝင်လေ့ရှိသည်။
စတန်လေကူးဘရစ်သည် အမေရိကန် ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူ၊ ရုပ်ရှင်ဓာတ်ပုံသမားတစ်ဦးဖြစ်ပြီး ၁၉၂၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် မွေးဖွားပြီး ၁၉၉၉ ခုနှစ်၊ မတ်လ ၇ ရက်တွင် ကွယ်လွန်သည်။
ရုပ်ရှင်သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံး ဒါရိုက်တာများစာရင်းတွင် စတန်လေကူးဘရစ်ကို ထည့်သွင်းဖော်ပြလေ့ရှိကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား Space Odyssey ဒါရိုက်တာ၏ ပြင်သစ်ရှိနေအိမ် ပေါင်တစ်သန်းခွဲဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား Space Odyssey ဒါရိုက်တာ၏ ပြင်သစ်ရှိနေအိမ် ပေါင်တစ်သန်းခွဲဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား Space Odyssey ဒါရိုက်တာ၏ ပြင်သစ်ရှိနေအိမ် ပေါင်တစ်သန်းခွဲဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား Space Odyssey ဒါရိုက်တာ၏ ပြင်သစ်ရှိနေအိမ် ပေါင်တစ်သန်းခွဲဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား Space Odyssey ဒါရိုက်တာ၏ ပြင်သစ်ရှိနေအိမ် ပေါင်တစ်သန်းခွဲဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သိပ္ပံဆန်းကြယ်ဇာတ်ကား Space Odyssey ဒါရိုက်တာ၏ ပြင်သစ်ရှိနေအိမ် ပေါင်တစ်သန်းခွဲဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service