မျက်မှောက်ကာလတွင် ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ဆောက်လုပ်ရေးဈေးကွက်
တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၄ ဘီလျံခန့်ဖြင့် အရှေ့တောင်အာရှ၌
ကန်ထရိုက်တာများအတွက်ရင်ခုန်ဖွယ်အကောင်းဆုံး
အချက်အချာနေရာတစ်ခုအဖြစ်ရပ်တည်နေကြောင်း မဟာဗျူဟာတိုင်ပင်ခံကုမ္ပဏီ Solidiance က ပြီးခဲ့သည့်သီတင်း
ပတ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာစာတမ်းတစ်စောင်၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံတစ်ဝန်း ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အဆောက်အအုံသစ်များနှင့် အခြေ
ခံအဆောက်အအုံသစ်များ အများအပြားအကောင်အထည်ဖော်လာသည်။ ယင်းက ထိုင်းအိမ်ခြံမြေလောကအတွက် သက်ဝင်ထကြွလှုပ်ရှားမှုများမည့် နှစ်တစ်နှစ်ကို ညွှန်ပြသည့်
လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။
ယေဘုယျအားဖြင့် ထိုင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား နှစ်စဉ် အဆောက်အအုံသစ်အရေအတွက် ပျမ်းမျှ ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်များပြားခဲ့သည်။
Solidiance က ထိုင်းဆောက်လုပ်ရေးလှုပ်ရှားမှုအတွက် ဖြစ်နိုင်ခြေအရှိဆုံးသော ဖွံ့ဖြိုး
ရေးယန္တရား ၅ ခုကိုလည်း အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာသုတေသနပြု၍ဖော်ပြထားသည်။
၁။ အများပြည်သူအခြေခံအဆောက်အအုံ
ထိုင်းဆောက်လုပ်ရေးသို့ ပြီးခဲ့သည့်နှစ်က ၀င်ရောက်ခဲ့သော အမေရိကန်ဒေါ်လာ၄၁ ဒသမ ၄ ဘီလျံတွင် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄ ဘီလျံ က အများပြည်သူ
ကဏ္ဌအတွက် ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ၎င်းက အဓိကအားဖြင့် အများပြည်သူ
ဆိုင်ရာ အခြေခံအဆောက်အအုံ အသုံးစရိတ်တွင် ဖောဖောသီသီသုံးစွဲထားကြ
သည်ကို ပြသည်။ ယင်းသည် နိုင်ငံ၏ ပို့ဆောင်ရေးစနစ်တိုးတက်စေရန် ရည်ရွယ်လုပ်ဆောင်နေသော အစိုးရ၏ အစီအစဉ်နှင့်ညီညွတ်သည့် သုံးစွဲဖော်ဆောင်မှုဖြစ်သည်။ ၂၀၁၅ ခုနှစ်ကတည်းက ပို့ဆောင်ရေးတာဝန်ရှိသူများက မြို့တော်ဘန်
ကောက်၏ MRT မြေအောက်ရထားလမ်းစနစ်တွင် အခြေခံအဆောက်အအုံ
ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် စီစဉ်အကောင်အထည်ဖော်လာကြသည်။ အကောင်အထည်ပေါ်မှု နှောင့်နှေးကြန့်ကြာမှုသတင်းများစွာကိုလည်း တွေ့လာရသည်။
၂။ မြို့တော်ဘန်ကောက်၏ ဖွံ့ဖြိုးလာသောကွန်ဒိုဈေးကွက်
ယင်းသို့ အများပြည်သူအတွက် လုပ်ငန်းများများပြားလာခြင်းက မြို့တော်ဘန်ကောက်
တွင် လူနေအိမ်ဆောက်လုပ်မှုလမ်းကြောင်းက တိုက်ရိုက်ကျယ်ပြန့်စေသည်။
လက်ရှိဆောက်လုပ်ဆဲ အများပြည်သူပို့ဆောင်ရေးရထားလမ်းများဖြင့် ဘန်ကောက်သည်
မြို့လယ်ဗဟိုဧရိယာ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာကြောင်း Solidiance
သုတေသီများက သုံးသပ်ထားကြသည်။ လူနေအိမ်ရာစီမံကိန်းသစ်ဆောက်လုပ်မှုများက
ဘန်ကောက်အတွင်းမှာပင် စုပြုံနေကြဆဲဖြစ်သော်လည်း ကွန်ဒိုတည်ဆောက်မှုများကမူထိုမြေအောက်ရထားလမ်းစီမံကိန်းကြောင့် မြို့အနီးဝန်းကျင်တစ်ဝိုက် ကျယ်ပြန့်လာသည်။
၃။ တက်ကြွလှုပ်ရှားလာသော အထပ်နိမ့်ကွန်ဒိုများတည်ဆောက်မှု
ယေဘုယျအားဖြင့် သာမန်အရွယ်အစားရှိ ကွန်ဒိုများတည်ဆောက်မှုလျော့နည်းလာပြီး
အထပ်နိမ့်ကွန်ဒိုများ သိသိသာသာရေပန်းစားလာသည်။ ထိုဖြစ်စဉ်က ထိုင်းနိုင်ငံအတွင်း
ယေဘုယျအားဖြင့် အဆောက်အအုံတည်ဆောက်သည့် ဧရိယာသည် ၂၀၁၂ မှ ၂၀၁၄အကြား တစ်နှစ်လျှင် ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျခဲ့ရခြင်း၏ အကြောင်းရင်းကိုရှင်းပြနေသည်။
၎။ ဖွံ့ဖြိုးလာသော ခရီးသွားလုပ်ငန်း
ထိုင်းသည် ခရီးသွားများအကြား ဘုံဗိမ္မာန်တစ်ခုအဖြစ် အမြဲလိုရပ်တည်လာသော်လည်း
၂၀၁၆ ကမူ ခရီးသွားဝင်ရောက်မှု အထူးပင် များပြားခဲ့သည့် နှစ်တစ်နှစ်ဖြစ်လာသည်။
မကြာသေးမီက နိုင်ငံရေးကသောင်းကနင်းဖြစ်မှုများရှိခဲ့သည့်တိုင် ထို့သို့ကောင်းမွန်ခဲ့သည့်နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အထူးသဖြင့် တရုတ်ခရီးသွားဧည့်
သည်များက အများဆုံးဖြစ်ပြီး ၂၀၁၂ မှ ၂၀၁၅ အကြား နှစ်စဉ် စုစုပေါင်းခရီးသွားအရေအတွက်၏ ပျမ်းမျှ ၄၁ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။ ယင်းသို့ဖွံ့ဖြိုးမှုကစားသောက်ဆိုင်များနှင့် ဈေးဝယ်စင်တာများကဲ့သို့သော စီးပွားဖြစ်(ကုန်သွယ်ရေး)
အဆောက်အအုံများဆောက်လုပ်မှုကိုပါ မြင့်တက်စေခဲ့သည်။
၅။ ဆွဲဆောင်မှုရှိသော အထူးစီးပွားရေးဇုန်
အစိုးရက အခွန်ဆွဲဆောင်မှုအစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့အထူးအခွင့်အရေး
များနှင့် အထူးရန်ပုံငွေများကို ဆက်တိုက်မက်လုံးပေးလာသဖြင့် စက်မှုလုပ်ငန်းနှင့်ဆိုင်သော developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များက
အထူးစီးပွားရေးဇုန် (SEZ) များကို အလွန်စိတ်ဝင်စားလာကြသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com