ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ဈေးအတက်နဲ့ တစ်ပတ်အတွင်း ကျပ် ၂၀,ဝ၀ဝ ဝန်းကျင်ပြန်လည်မြင့်တက်လာ ခဲ့ပါတယ်။
“ကမ္ဘာ့ဈေးကလဲ နှစ်လအတွင်း အမြင့်ဆုံးဈေးကို ပြန်ရောက်သွားတယ်၊ ကမ္ဘာ့ဈေးတက်တော့ မြန်မာ့ဈေးတက် လာတယ်”လို့ ရွှေဈေးကွက်လေ့လာသုံးသပ်သူ ကိုအောင်ဆန်းက ပြောပါတယ်။
နှစ်လဝန်းကျင်ဆက်တိုက်ကျဆင်းနေတဲ့ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂၁၀ ဝန်းကျင်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါ ကြောင့် ပြည်တွင်းရွှေဈေးကလည်း ကမ္ဘာ့ဈေးနဲ့ လိုက်လံမြင့် တက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့လတွေကတော့ ကမ္ဘာ့ဈေးကျပေမဲ့ ပြည်တွင်းငွေလဲနှုန်းအမြင့်ကြောင့် မြန်မာ့ ရွှေဈေးဟာ ထင်သလောက် ကျဆင်းခဲ့ခြင်း မရှိပါဘူး။
လက်ရှိ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၈၇၀,ဝ၀ဝ ကျော်ရှိနေ တာကြောင့် ကျပ် ၈၅၀,ဝ၀ဝ ဝန်းကျင်က နေ ၂၀,ဝ၀ဝ မြင့်တက်လာတာပါ။ ထရမ့်သမ္မတဖြစ်မှုနဲ့အတူ ရွှေဈေးခန့်မှန်းရခက်နေတယ်လို့ ရွှေဈေးကွက်လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
Credit: Kumudra