တစ်နိုင်ငံလုံးမှာ ရှိတဲ့ လယ်ယာမြေ ပြဿနာတွေကို ဗဟို လယ်ယာမြေ စိစစ်ရေး ကော်မတီရဲ့ လယ်ယာမြေ ပြ ဿနာ ပြန်လည်စိစစ်ရေး မူဝါဒ ၁၀ ချက်နဲ့ စိစစ်ဖြေရှင်းမှာ ဖြစ်ပါတယ်။
“နေပြည်တော် ကောင်စီကတော့ အကြံပြုစာတွေ တင်ထားပြီ၊ အဲ့ဒီတော့ ဗဟိုကော်မတီကနေ မူဝါဒ ၁၀ ချက်နဲ့ ပြန်ချမယ်၊ သိပ်တော့ မကြာတော့ဘူး၊ အမြန်ဆုံး လုပ်နေပါတယ်။ အဲ့ဒီမူဝါဒဆိုတာကလဲ ၂၀၁၂ခုနှစ်၊ မြေယာ ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တွန်းအားပေးထားတဲ့ သဘောပါပဲ၊ အရင်က ဒါကို အကောင်အ ထည် သိပ်မဖော်ကြဘူးလေ” လို့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောပါတယ်။
သည်လယ်ယာမြေ ပြဿနာများ ပြန်လည်စိစစ်ရေးမူဝါဒ ၁၀ချက်ထဲမှာဆိုရင် ၁၉၈၈ခုနှစ် နောက်ပိုင်းက လယ် ယာမြေ ပြဿနာတွေနဲ့ ရှေ့ပိုင်းမှာ ဖြစ်တဲ့ လယ်ယာမြေ ပြဿနာတွေကို ခွဲခြားပြီး ဆောင်ရွက်ခြင်း၊ လျော် ကြေးရပြီးပေမဲ့ လျော်ကြေးရရှိမှုနည်းတဲ့ တောင်သူတွေအတွက် ပြန်လည် လျော်ကြေးပေးဖို့ ရှိခြင်း၊ စွန့်လွှတ် မြေတွေနဲ့ ပတ်သတ်ပြီး ဥပဒေအရ စွန့်လွှတ်ခြင်း၊ မစွန့်လွှတ်နိုင်တဲ့ မြေတွေကို ဥပဒေအရ စီမံပေးခြင်း စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
“ဒီမူဝါဒ ၁၀ ချက်က အခုဆို ညှိနှိုင်းဆဲပေါ့၊ ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်၊ လိုအပ်တာလေးတွေ ထည့်၊ စာမ ချောတာလေးတွေလည်း ပြင်တုန်းဆိုတော့ အတိအကျတော့ မပြောနိုင်ပါဘူး၊ ဗဟို ကော်မတီကလဲ အတည်မ ပြုသေးဘူးလေ၊ အဓိက ကတော့ ပြည်သူတွေကို အကျိုးပြုမယ့် အချက်တွေပါပဲ” လို့ ပျဉ်းမနားမြို့နယ်က ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ပြောပါတယ်။
လယ်ယာမြေ ပြဿနာ ပြန်လည် စိစစ်ရေးမူဝါဒ ၁၀ချက်ကို ဗဟိုလယ်ယာမြေ စိစစ်ရေး ကော်မတီကနေ အ တည်ပြုချက်မှတ်ပြီးရင်တော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လယ်ယာမြေ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းရဲ့ လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းရာမှာ ကျေးရွာ၊ မြို့နယ်အလိုက်မှာ ဖွဲ့စည်းထားတဲ့ လယ်ယာမြေ ပြဿနာ ပြန်လည်စိစစ်ရေး ကော်မတီ အဖွဲ့ဝင်တွေ ဟာ လယ်ယာမြေ ဥပဒေတွေကို နားလည်မှု အားနည်းနေသေးတဲ့အတွက် သင်တန်းပေးမှုတွေလည်း စတင် နေပြီလို့ သိရပါတယ်။
လက်ရှိမှာတော့ လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းရာမှာ ၂၀၁၂ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ ဖြေရှင်းပေး လျက်ရှိပြီး အခုလို လယ်ယာမြေ ပြဿနာ ပြန်လည်စိစစ်ရေး မူဝါဒချမှတ်ပြီးရင်တော့ ပြည်သူတွေအတွက် ပိုပြီး အကျိုးရှိလာမယ်လို့ သိရပါတယ်။
Credit: Kumudra