အိမ်တွေ၊ တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချလာကြရာမှာ ကုမ္ပ ဏီတွေက ရောင်းချကြတာတွေ၊ ကန်ထရိုက်တာတွေက ရောင်းချတာတွေ ရှိသလို အိမ်ပိုင်ရှင်တွေကပါ တိုက်ခန်းတွေ ဆောက်လုပ်ပြီး အရစ်ကျ စနစ်နဲ့ ရောင်းချလာတာတွေလည်း ရှိလာပါတယ်။
ကန်ထရိုက်တာတွေ၊ ကုမ္ပဏီကြီးတွေက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ရောင်း ချကြသလို အိမ်ပိုင်ရှင်တွေ ရောင်းချတဲ့ ပုံစံက စာရွက်စာတမ်းတွေ ယူထား ပြီး လစဉ်အရစ်ကျစနစ်နဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ သည်လိုမျိုးရောင်း ချတာက ငွေအများကြီး မတတ်နိုင်သူတွေအတွက် အဆင်ပြေနိုင်တယ်လို့ သိရပါတယ်။
‘ကျွန်တော်တို့ ရောင်းချပေးနေတယ် ဆိုတာက မတတ်နိုင်တဲ့သူတွေအတွက် အဆင်ပြေနိုင်အောင်ပါ၊ ကုမ္ပဏီကြီးတွေ က ရောင်းချနေတာတွေတော့ ရှိတယ်၊ တချို့ လူတန်းစားတွေကျတော့ အဆင် မပြေနိုင်ဘူး၊ အဲဒါကြောင့် တိုက်ခန်းတွေ ဆောက်ပြီး အရင်ဆုံး ဘယ်လောက် ဘယ်လောက် သွင်းပေါ့၊ နောက်ပိုင်း ကျန်တဲ့ငွေကို တော့ ငါးနှစ်ခြောက်နှစ် အရစ်ကျ သွင်းခိုင်းတယ်”လို့ တိုက်ခန်းတွေကို ဆောက် လုပ်ရောင်းချသူ ကိုဝေယံ က ပြော ပါတယ်။
အရစ်ကျစနစ်နဲ့ ဝယ်ချင်တယ်ဆိုရင် ကုမ္ပဏီတွေရောင်းတဲ့ တိုက်ခန်းတွေ၊ အစိုးရက ရောင်းတဲ့ တိုက်ခန်းတွေကိုသာ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ အ ခုလို အ ပြင် က မြေပိုင်ရှင်တွေက မြေကွက်တွေကို ဝယ်ယူ ပြီး တိုက် ခန်းတွေဆောက်ပြီး အိမ်ပိုင်မရှိတဲ့ လခစားတွေကို အဆင်ပြေအောင် အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
သည်လို တိုက်ခန်းတွေကို အိမ်ပိုင်ရှင်တွေရောင်းချနေတဲ့နေရာအများစုက စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်လိုနေ ရာတွေမှာ အများဆုံး တည်ဆောက်ပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။
တိုက်ခန်းတွေကို အပြင်ကနေ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာကြောင့် ကုမဏီကြီးတွေကနေ ရောင်းတဲ့ အရစ်ကျတိုက်ခန်းတွေ မဝယ်နိုင်တဲ့ သူတွေအတွက်ပိုပြီး လွယ်ကူအဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Credit: Kumudra