ရန်ကုန်စတော့အိတ် ချိန်း၏ လေးခုမြောက်အများပိုင် ကုမ္ပဏီဖြစ်သည့် ပထမပုဂ္ဂလိက ဘဏ်၏ ရှယ်ယာများစတင် ရောင်းချခဲ့သည့်နေ့တွင် အခြေခံ ဈေးနှုန်းထက် ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သတင်းရရှိ သည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် ၀င်ရောက်ခဲ့သည့် အ များပိုင်ကုမ္ပဏီများအနက် စတင် ရောင်းသောနေ့တွင် အစုရှယ် ယာဈေးကျဆင်းသည့် ပထမဦးဆုံး ကုမ္ပဏီတစ်ခုဖြစ်ခဲ့သည်။
အဆိုပါဘဏ်သည် ၎င်း၏ ရှယ်ယာတန်ဖိုး၏ အခြေခံဈေး နှုန်းကို ကျပ် ၃၉,၀၀၀သတ်မှတ်ခဲ့ သော်လည်း စတင်ရောင်းချခဲ့ သည့် ဇန်န၀ါရီ ၂၀ရက်တွင် ကျပ် ၃၄,၀၀၀ဖြင့် အရောင်းအ၀ယ်ဖြစ် ခဲ့သည်။ စတင်ရောင်းချသည့် ယနေ့တွင် အစုရှယ်ယာဝယ်လို အားထက် ရောင်းလိုအားနှစ်ဆခန့်မြင့်တက်ခဲ့သော်လည်း ရှယ်ယာ ၆,၀၀၀ခန့်အရောင်းအ၀ယ်ဖြစ်ခဲ့သည်။
‘‘အစုရှယ်ယာရှင်တွေငွေ ပေါ်ချင်ရင် ရောင်းလို့ရအောင် ရယ်၊ မြန်မာနိုင်ငံမှာ စတော့ရှယ် ယာဖွံ့ဖြိုးအောင် ပံ့ပိုးပေးရမယ် ဆိုတဲ့ ရည်ရွယ်ချက် ဒီနှစ်ခုနဲ့ ရန် ကုန်စတော့အိတ်ချိန်းကို ၀င်လာ တာပါ’’ဟု ပထမပုဂ္ဂလိကဘဏ် လီမိတက်၏ ဥက္ကဋ္ဌဒေါက်တာစိန် မောင်က ရန်ကုန်စတော့အိတ် ချိန်းတွင် ပထမပုဂ္ဂလိကဘဏ်စာ ရင်းစ၀င်သော အခမ်းအနား၌ ပြောကြားသည်။
ပထမပုဂ္ဂလိကဘဏ်ကုမ္ပ ဏီသည် နှစ်ပေါင်း ၂၅နှစ်အတွင်း ရှယ်ယာရှင် ၈,၀၀၀ကျော်အနက် နှစ်စဉ်အမြတ် ၂၀ရာခိုင်နှုန်းကျော် ပေးနေသဖြင့် စတော့အိတ်ချိန်း ၀င်ရောက်ရန်နာမည်ကောင်းရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌဘဏ္ဍာရေးဒုဝန်ကြီးဦး မောင်မောင်ဝင်းကပြောသည်။
ပထမပုဂ္ဂလိကဘဏ်ကုမ္ပ ဏီသည် အစုရှယ်ယာပေါင်းနှစ် သန်းခွဲကျော်ရှိပြီး ၁၉၉၂တွင် စ တင်ရောင်းချစဉ်က ရှယ်ယာတစ် ခုလျှင် ၂၀,၀၀၀ကျပ်ဖြင့် ရောင်းချ ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချခဲ့သည့် ကု မ္ပဏီများဖြစ်သည့် FMIသည် ရှယ်ယာစတင် ရောင်းချချိန်၌ ၁၉ ရာခိုင်နှုန်း၊ သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)က ၂၅ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်(MCB)က ၁၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချခွင့်ရရှိထား သည့် အများပိုင်ကုမ္ပဏီခြောက်ခုရှိပြီး ကုမ္ပဏီလေးခုက ရောင်းချနေပြီဖြစ်သည်။ Great Horkhamနှင့် MAPCOကုမ္ပဏီတို့ စာရင်းဝင်ရန်ကျန်ရှိနေသေးသည်။
Credit: 7DayDaily