အစိုးရအဆက်ဆက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ရယူထားမှုကို နိုင်ငံနှင့်အ၀န်းတွင် တောင်သူများနှင့် ရင်းနှီးမြှုပ်နှံလိုသူများအား ပြန်လည်ချထားပေးရန် စီစဉ်

အစိုးရအဆက်ဆက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ရယူထားမှုကို နိုင်ငံနှင့်အ၀န်းတွင် တောင်သူများနှင့် ရင်းနှီးမြှုပ်နှံလိုသူများအား ပြန်လည်ချထားပေးရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
23 Jan 2017 11:27 am တွင် တင်ခဲ့သည်
1343 ကြိမ် ကြည့်ရှု့ပြီး
အစိုးရ ကာလအဆက်ဆက် လုပ်ကိုင်ခွင့်ပြုမိန့်မျိုးစုံဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ ရယူထားမှုကို တောင်သူလယ်သမားများနှင့် လယ်မဲ့၊ ယာမဲ့ တောင်သူလယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံလိုသူများကို ပြန်လည်ချထားပေးရန် အစိုးရမှ စီစဉ်နေကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ သဘောထား မှတ်ချက်အ ရ နိုင်ငံနှင့်အ၀န်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ရယူထားပြီး ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးခဲ့သည့် မြေများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကောက်ခံနိုင်ရေးနှင့် ပြည်ထောင်စု အစိုးရရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

အစိုးရ ကာလအဆက်ဆက်က လုပ်ကိုင်ခွင့်ပြုမိန့်မျိုးစုံဖြင့် ရယူထားခဲ့ပြီး သတ်မှတ်ကာလ လေးနှစ်အတွင်း လုပ်ကိုင်နိုင်စွမ်း မရှိသည့်မြေများကို အမှန်တကယ် လုပ်ကိုင်လိုသူ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လိုသူ များနှင့် ဒေသအသီးသီးရှိ လယ်မဲ့၊ ယာမဲ့ တောင်သူလယ်သမားများသို့ လုပ်ကိုင်နိုင်ရန် ဆက်လက်ချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ကချင်နှင့် ရခိုင်ပြည်နယ် ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိပြီးနောက် ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိပါက ပြန်လည်အပ်နှံရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့က ထုတ်ဆင့်ကြေညာထားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေ၊ နည်းဥပဒေများ မပြဋ္ဌာန်းမီ မြေ လွတ်၊ မြေ လပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့မှ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာဦးရေ ၃၀၃ ဦးအား မြေလွတ်၊ မြေရိုင်း၊ မြေလပ် ဧရိယာ (၅၉၀၄၆၀ ဒသမ ၈၃) ဧကကို နှစ် ၃၀ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေ လပ်နှင့် မြေ ရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့မှ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာဦးရေ ၂၅၆ ဦးအား မြေလွတ်၊ မြေ ရိုင်း၊ မြေလပ်ဧရိယာ (၁၃၉၄၄၁ ဒသမ ၁၁) ဧကကို နှစ် ၃၀ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်း၊ အသုံးပြုနိုင်ခြင်း မရှိပါက ယခုအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်အပ်နှံရန် အကြောင်းကြားကြောင်း ထုတ်ပြန်ခဲ့သည်။

လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်နိုင်ခြင်း အသုံးပြုနိုင်ခြင်း မရှိသည့် မြေဧရိယာ တစ်စိတ်တစ်ဒေသ အား ပြန်လည် အပ်နှံသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြေစာရင်းပုံစံ(၁၀၅)၊ မြေပုံမူရင်း သုံးပုံကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိခဲ့သည့် မြေဧရိယာ အတွက် မြေစာ ရင်းပုံစံ(၁၀၅)၊ မြေပုံမူရင်းတစ်ပုံ၊တစ်စိတ်တစ်ဒေသ ပြန်လည်အပ်နှံမည့် မြေဧရိယာအတွက် မြေစာရင်း ပုံစံ ၁၀၅ ၊မြေပုံမူရင်းတစ်ပုံ၊ ကျန်ရှိသည့် မြေဧရိယာအတွက် မြေစာရင်း ပုံစံ ၁၀၅၊ မြေပုံ မူရင်းတို့ကို တင်ပြရမည်ဟု သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service