ရန်ကုန်မြို့တွင် စနစ်သစ်မော်တော်ယာဉ်လိုင်း အပြောင်းအလဲကြောင်း ရုံဝန်ထမ်းများ ကျောင်းသာ၊ အလုပ်သမားများနှင့် ပြည်သူများမှာ မိမိတို့လိုရာခရီးရောက်ဖို့အတွက် ၊ပြည့်ကြပ်နေသည့် လိုင်းကားပေါ်သို့ တိုးတက်၍ လိုက်ကြရသည် ။ ယင်သို့ လူအ များပြည့်သိပ်ကျပ်ညှပ်မှုကို အခွင့်ကောင်းယူရန် စောင့်နေသည့် ခါးပိုက်နှိုက်များလည် ရှိနေသည် ။ ခရီးသည်များထံတွင် ပါလာသည့် ၊လက်ကိုင်ဖုန်းများကို နှိုက်ယူသွား တက်ကြသည်။
အရေးကြီးသည့် မှတ်တမ်းမှတ်ရာများ ၊ ဖုန်းထဲတွင် ထည့်သွင်းထား
ယနေ့ခေတ်တွင် ဆက်သွယ်ရေးကောင်မွန်မှုကြောင့် လူတိုင်လိုလို ဖုန်းကိုင်ကြသည် ။ ယင်သို့ ဖုန်းကိုင်သူများ အထဲတွင် စာရေးသူုလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ ဖုန်းရှိသည့်အတွက် မှတ်တမ်း ၊ မှတ်ရာအားလုံးကို ဖုန်းထဲတွင် သာသိမ်းထားခဲ့သည်။ မှတ်တမ်း စာအုပ်တွင် ရေးသွင်းထားခြင်း " စတစ် " တွင် ထည့်သွင်းထားခြင်း မလုပ်ခဲ့မိသဖြင့် ခရီးစဉ်သစ်စတင် ပြေးဆွဲသည့် (၁၆.၁.၂၀၁၇) နေ့က ရုံးမှ အပြန် လိုင်းကားပေါ်၌ ရုံးအိတ်ထဲတွင် ထည့်ထားသည့် လက်ကိုင်ဖုန်းကို ခါးပိုက်နှိုက်ယူသွားခဲ့သည် ။
ဖုန်းဆက်ရေး၍ ရုံးရောက်လာသူများကို ကျေးဇူတင်
သို့အတွက် စာရေးသူ၏ အသိမိတ်ဆွေများ ၊ စာဖတ်ပရိတ်သတ် များနှင့် အဆက်အသွယ် ပြတ်သွားတော့သည်။ စာရေးသူ၏ ရုံးလိပ်စာနှင့် အိမ်လိပ်စာသိသူ မိတ်ဆွေအချို့ကမှု မေးမြန်းစုံစမ်း၍ အရေက်လှမ်းလာကြပါသည်။ တစ်နေ့က မြေကွက် ဝယ်လိုသူ မိတ်ဆွေ တစ်ဦးမှာစာရေးသူထံ ဖုန်းနံပတ်ကိုဆက်သွယ်၍ မရဟုဆိုကာ ရုံးခန်းသို့ သိုက်သိုက်မြိုက်မြိုက် ရောက်လာသည်။
နေထိုင်ဖို့အတွက် မြေကွက်ရှာတွေ့ရပါပြီ ဒဂုံတက္ကသိုလ် အနီး
ရောက်လာသည့် အကြောင်းအရင်မှာ မြေကွက်ဝယ်ပြီး အိမ်ဆောက်နေထိုင်ရန်အတွက် ဖြစ်သည်။ ယခု ဝယ်ယူရန်ရှာဖွေတွေ့ရှိထားသည့် မြေကွက်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့နယ် အနီး ၊ ကျန်စစ်သားလမ်းနှင့် မလှမ်းမကမ်း လမ်းသွယ်အတွင်းမှ (40'x60') မြေကွက်ဖြစ်သည် ။ မြေကွက်ရသူမှာ ဂရန် အမည်ဖောက်ပြီး အခြားသူတစ်ဦး သို့ အရပ်ကတိစာချုပ်ဖြင့် လွှဲပြောင်းရောင်းချထားသည် ဟုသိရသည်။ ထိုစဉ်မြေကွက်မှာ ၂၀၁၄ ခုနှစ် ခန့်က သိန်း (၃၀၀) ခန့် ဈေးပေါက်ခဲ့သော်လည် ယခုအခါ သိန်း (၁၂၀) ဖြင့် ရောင်းချမည်ဟု သိရသဖြင့် ဝယ်ယူဖို့ ဆန္ဒပြင်ပြနေသဖြင့် စာချုပ်ပေးရန် ကျွန်ုပ်အား လာခေါ်ခြင်းဖြစ်သည်။
ဂရန်ဆိုတော့လည်း မြို့မြေစာရင်မှာ အပြေးကြည့်ရပြန်
ယင်အတွက်ကြောင့် တစ်ရက်ကြိုတင်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကောင်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်မှု ဌါနတွင် အမည်ပေါက် မှန်ကန်မှုရှိမရှိ နှင့် ကန့်ကွက်ချက်ရှိ မရှိ ၊ ရာဇဝင် ရှင်း/မရှင်း သွားရောက် စုံးစမ်းကြည့်ပေးလိုက်သည်။ အရှုပ်အရှင်း ကင်းကြောင့် တွေ့ရှိရသဖြင့်ဝယ်ယူနိုင်ကြောင်း ပြောပြလိုက်သည်။ ရောင်းသူကလည်း ၊ စရန်ငွေမယူတော့ဘဲ အပြီးအပိုင် စာချုပ်ချုပ်၍ တစ်လုံးတစ်ခဲ တည်းငွေပေးရန် တောင်ဆိုသည်ဟု ပြောသဖြင့် သဘောတူခဲ့ကြောင်း ဝယ်သူထံမှ သိရသည်။
ဂရန်အမည်ပေါက်ထံမှ တိုက်ရိုက် လွှဲစာရမည့် အရေးတွေးပြီး ပျော်ရပြန်
ရောင်းသူကလည်း ဂရန်အမည်ပေါက်ထံက ဝယ်ယူစဉ်က Special Power ရယူထားခဲ့ခြင်း မရှိသည့်အတွက် ဂရန် အမည်ပေါက်သူကို ခေါ်၍ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံတွင် ဝယ်သူနှင့်တိုက်ရိုက် မှတ်ပုံတင် ကိုယ်စာလှယ်လွှဲစာ လုပ်ပေးမည်ဟု ကတိပေးထားသည် ဟုသိရသဖြင့် အပြီးအပိုင် ဝယ်ယူရန်အတွက်၊ ရန်ကုန်မြို့ စာချုပ် မှတ်ပုံတင်ရုံး တွင် တွေ့ဆုံကြရန် နံနက် ၉နာရီခွဲခန့်တွင် ပွဲစားအုပ်စုက ရှေ့ပြေးကားတစ်စီးနှင့် ရောက်လာသည် ဂရန်ဝယ်ထားခြင်းမှာ ပါမစ်မြေထက်စိတ်ချရကြောင်း ၊ ယင်မြေကွက်မှာ ယခင်က သိန်း (၃၀၀) ဈေးပေါက်ကြောင်း ယခု သိန်း (၁၂၀) နှင့် အရှုံးခံ၍ ရောင်းခြင်းဖြစ်၍ လက်မလွတ်သင့်ကြောင်း ဝယ်ယူဖို့ ရွှန်းရွှန်းဝေအောင် စည်းရုံးရေး ဆင်ကြသည်။
ထူးထူးခြားခြားရောင်းသူနှင့်တွေ့ အဲသြပါပေ့ ။
မကြာမှီ ရောင်းမည်ပုဂ္ဂိုလ်လည်း တပည့်တစ်ယောက်နှင့် ရောက်လာသည် အပြောင်းအလဲမရှိကြောင်း သိန်း (၁၂၀) နှင့် ရောင်းမည်ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောသည်။ သို့အတွက် နှစ်ဘက်သဘောတူညီမှုရ၍ ဂရန်ပြသရန် ပြောရာရောင်းသူက ဂရန်ထုတ်ပြသည်။ ဂရန်မှာ ၂၀၁၄ ခုနှစ်မှ ထုတ်ယူထားခြင်းဖြစ်၍ အသစ်သစ်စက်စက်ရှိသေးသည် ။မှန်ကန်မှုရှိသဖြင့် အပြီးအပိုင် အရောင်းအဝယ်စာချုပ်ချုပ်ရန် ကျွန်ုပ်က ရောင်းသူထံမှ အရပ်ကတိ အရောင်းအဝယ် စာချုပ်ကို ကြည့်ရန်တောင်းသည့်အခါ ရောင်းသူက ' ဂရန်အမည်ပေါက်သူနှင့် ဝယ်သူတိုက်ရိုက်အရောင်းအဝယ်စာချုပ်ပေးမည်။ တိုက်ရိုက်ကိုယ်စားလှယ်လွှဲစာ လွှဲပေးမည်ဖြစ်၍ ၄င်းလက်ဝယ်ရှိအရပ်ကတိစာချုပ်ကို ပြသရန် မလိုကြောင်း ငြင်းဆန်သည်။
ရောင်းသူဘက်မှ ဂရန်အမည်ပေါက်နှင့် ဝယ်သူတိုက်ရိုက် အရောင်းအဝယ်စာချုပ်ပေးမည် Special Power လွှဲပေးမည် သို့စေကာမူ ၊ လက်ရှိဂရန် ကိုင်ထားသူပိုင်ဆိုင်ထားသူ မပါဘဲ ၊ ဂရန်အမည်ပေါက်နှင့် တိုက်ရိုက် ချုပ်ဆိုသော စာချုပ်မှာ ဟန်ဆောင်စာချုပ် မဖြစ်နိုင်ပါ ။ ထို့ထက်ပို၍ ဆိုသည်မှာ ဝယ်သူထံမှ ရောင်းဖို့ငွေကို လက်ခံယူပြီးနောက် အရောင်းအဝယ် စာချုပ်တွင် ရောင်းသူက အသိသက်သေ အဖြစ်ပင် လက်မှတ်ထိုးမပေးနိုင်ဟု ဆိုလာသည်။
ဂရန်အမည်မပြောင်းမှီးစပ်ကြား ကိုယ်စားလှယ်လွှဲစာယူထားကြ
ဤကဲသို့ အရောင်းအဝယ်မျိုး မှာ ရောင်းသူအနေဖြင့် ၊ငွေယူပြီး လူလွှတ်ရန်ထွက်သွားလိုခြင်းကြောင့် ဖြစ်သည်။ ဤ အခြေအနေမျိုးကြောင့် ရောင်းသူလည်မဝယ်ရဲတော့ ၊ ဝယ်သူအတွက် စာချုပ်ပေးရန်လိုက်လာသူ ကျွန်ုပ် အဖို့လည်း ဝယ်ယူဖို့မတိုက်ထွန်းနိုင်ပါ ၊ ပွဲဖျက်ဖို့သာရှိတော့သည်။ ပွဲပျက်သွားသဖြင့် နှစ်ဘက်စလုံး အချိန်တွေစရိတ်စကတွေ ဆုံးရှုံးသွားကြသည်။ အမှန်ဆိုရလျင် ၊ ပါဝါယူ၍အရပ်ကတိစာချုပ်ဖြင့် အရောင်းအဝယ်လုပ်ကြခြင်းမှာ မှတ်ပုံတင်စာချုပ်မချုပ်ဆိုမီကာလတွင် ၊ တရားဝင် ပိုင်ဆိုင်ထားလို့ကြ၍သာဖြစ်သည် ။ ယင်ကာလတွင် ပိုင်ဆိုင်မှုဂရန်ကိုင်ထားပြီး ၊ အရပ်ကတိစာချုပ်စာချုပ်ဖြင့် အဆင့်ဆင့် လွှဲပြောင်း ရယူထားကြခြင်းသာဖြစ်သည် ။ ယင်စာချုပ်စာတမ်းများအရ
လက်ရှိပိုင်ဆိုင်သူကို သိနိုင်သည် ။ ယင်းသို့ မဟုတ်ပါဘဲ ပိုင်ဆိုင်မှုဂရန်လွှဲပြောင်း ရောင်းဖို့ငွေယူကာ စာချုပ်မချုပ်ဘဲ ရှောင်ထွက်သွားပါက ပိုင်ဆိုင်မှုအရှုပ်အရှင်းဖြစ်၍ တရားစွဲခံရသော် ရောင်းသူနှင့်မဆိုင်သလိုဖြစ်သွားသည်။
ထို့ကြောင့် အိမ်ခြံမြေ အရောင်းအဝယ်လောကတွင် ယင်သို့သော ရောင်းသူမျိုးနှင့် ကြုံတွေ့ခဲ့ပါက ။ ဂရန်အမည်ပေါက်သူနှင့် တိုက်ရိုက်အရောင်းအဝယ် စာချုပ်ချုပ်ဆိုခြင်မှာ ဟန်ဆောင်စာချုပ်သာဖြစ်၍ ခိုင်မာမှုမရှိနိုင်ပါ၊ ဂရန် လက်ဝယ်ရှိသူပိုင်ရှင့်နှင့် လည်း ဆက်စပ်အရောင်းအဝယ်စာချုပ်ချုပ် ဆိုသင့်ပါကြောင်း အကြံပေးရေးသားလိုက်ရပါသည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com