ရန်ကုန်အိမ် ခြံ မြေ ဈေးကွက်သည် အတန်ငယ်ဖြစ်ထွန်းလာခဲ့ပြီးနောက် လက်ရှိကာလတွင် ဈေးကွက်မှာ ဒဂုံလေးမြို့နယ်အတွင်း အရောင်းအဝယ်သွက်လက်နေကြောင်း ဒဂုံလေးမြို့နယ် အခြေစိုက် အိမ် ခြံ မြေ ဝယ်ရောင်းများ ထံမှ သိရှိရသည်။
""ရန်ကုန်က အေးခဲ့တာကြာတယ်။ခု ပြန်စ တော့လည်း သူများတွေလောက်မသွက်ဘူး။လတ်တလောမှာတော့ နေရာဒေသတွေအရ ခွဲပြောရမယ်ဆိုရင် ဒဂုံလေးမြို့နယ်မှာ အရောင်းအဝယ်သွက်တယ်။နောက်တစ်ခုက develop area တွေ အရောင်းအဝယ်ဖြစ်တယ်။""ဟု ရန်ကုန်အခြေစိုက်အကျိုးဆောင်တစ်ဦးမှ ဆိုသည်။
လက်ရှိတွင် ဒဂုံလေးမြို့နယ်အနက် မြောက်ဒဂုံဘက်ရှိ မြေကွက်များမှာ ပိုမိုသွက်လက်ကြောင်းအခြေစိုက်အကျိုးဆောင် ဒေါ်တင်တင်အေးမှ
ပြောပြသည်။
""တောင်ပိုင်း ၊မြောက်ပိုင်း မှာမှ မြောက်ပိုင်းကပိုဖြစ်လာတာပေါ့။အိမ်ကွက်ရော ၊ ခြံ ကွက်ရောအရောင်းအဝယ်ကတော့ဖြစ်ပါတယ်။ဈေးနှုန်းတွေကတော့ နေရာအနေအထားအပေါ်မူတည်ပြီး အပြောင်းအလဲရှိပေမယ့် တက်ဈေးနဲ့ဖြစ်တာမျိုးတော့မဟုတ်ဘူး။ အရင်ထက်တောင် ၂၀ ရာခိုင်နှုန်းလောက်နည်းသွားတယ်။"""ဟု ပြောပြခဲ့သည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com