ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်နိုင်မှု ဆိုင်ရာ ဖွံ့ဖြိုးမှုအညွန်းကိန်း
GEDI တွင် အမေရိကန်နိုင်ငံကပဲ နံပါတ်တစ်နေရာမှာ ဆက်လက်
ရယူထိန်းသိမ်းထားနိုင်လျက်ရှိတယ်လို့ သတင်းတစ်ရပ်မှာ
ဖော်ပြထားပါတယ်။
ယင်း GEDI အညွန်းကိန်းကတော့ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း
၁၃၇ နိုင်ငံရဲ့ စွန့်ဦးတီထွင်နိုင်မှု ဆိုင်ရာ ဖြစ်တည်မှုစနစ်ကို တိုင်း
တာတွက်ချက်ပြီး နှစ်စဉ်ထုတ်ပြန်ပေးနေတဲ့ အညွန်းကိန်းတစ်ခု
လည်း ဖြစ်ပါတယ်။
ယင်းအညွန်းကိန်းအရ နိုင်ငံတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကိုလည်း
အဆင့်ခွဲခြားသတ်မှတ်ပေးနေတာဖြစ်ပါတယ်။ စွန့်ဦးတီထွင်နိုင်မှုပိုင်း
မှာ နိုင်ငံတွေအနေနဲ့ ပြည်တွင်း၊ ပြည်ပနှစ်ရပ်စလုံးမှာ
ဘယ်လောက်အတိုင်းအတာထိ စွမ်းဆောင်ထားနိုင်သလဲဆို
တာကိုလည်း သိရှိစေနိုင်မှာဖြစ်ပါတယ်။
ယမန်နှစ် အညွန်းကိန်းမှာတော့ အမေရိကန် ရဲ့နောက်မှာ
ဆွစ်ဇာလန်၊ ကနေဒါ၊ ဆွီဒင် နဲ့ ဒိန်းမတ်နိုင်ငံတွေက ထိပ်ဆုံး
နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြတာကိုလည်း
တွေ့ရပါတယ်။
အာရှနိုင်ငံတွေထဲမှာတော့ ထိုင်ဝမ်က ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပြီး
ယင်းရဲ့ အိုင်တီ လုပ်ငန်းတွေရဲ့ ထောက်ကူနိုင်မှုကြောင့် ယင်း
အညွန်းကိန်းမှာ အဆင့် ၁၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
အလားတူ အာရှဒေသရဲ့ လူဦးရေများပြားတဲ့ နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့
တရုတ်နဲ့ အိန္ဒိယတို့ကလည်း ယင်းအညွန်းကိန်းတို့မှာ ယခင်နှစ်
ကထက် အဆင့်တွေ ခုန်တက်လာတာကို တွေ့ရပြီး အဆင့် ၄၈
နဲ့ ၆၉ တို့ မှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။
အလားတူ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ဂျပန်နိုင်ငံ
ကလည်း အိမ်နီးချင်း ကိုရီးယားကို ကျော်တက်သွားနိုင်ခဲ့တယ်လို့
လည်း သိရပါတယ်။
Credit: SFJ Strategy First