တောင်ဒဂုံမြို့နယ် ရွာသာကြီးရပ်ကွက်အနီးရှိ ယခင်စစ် အစိုးရလက်ထက်က အကောင် အထည်ဖော်ခဲ့သည့် စိုက်ပျိုးရေး ဇုန်မှ မြေဧက၉,၀၀၀ခန့်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအထူး
စိတ်ဝင်စားနေကြောင်း သတင်းရရှိသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ယင်းမြေ ကို ပြန်လည်ရယူ၍ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ် ငန်းရှင်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချရန် စီစဉ်ထားမှုကြောင့် စိတ်ဝင်စားလျှက်ရှိသည်
အထူးသဖြင့် စက်မှုဇုံကဲ့သို့ စီးပွားရေးဇုံမျိုးဖန်တီးရန် စိတ်ဝင်စားနေကြောင်း လုပ်ငန်းရှင်များကဆိုသည်။
‘‘နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ၅၀ လောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အစိုးရက သင့်တင့်မျှတတဲ့နှုန်းနဲ့ ဒီနေရာကို မြေငှားလို့ရအောင် ဆောင်ရွက်ပေးမယ်။ ဒါကို အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကျွန်တော်လုပ်နေပါတယ်’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရွာသာကြီးရပ်ကွက်အနီးရှိ စိုက်ပျိုးရေးဇုန် အကောင်အထည် ဖော်ထားသည့် မြေနေရာနှင့်ပတ် သက်၍ ယခင်အစိုးရလက်ထက် ကလည်း လယ်သမားများနှင့် မြေ ရယူထားသော စီးပွားရေးလုပ်ငန်း ရှင်အချို့အကြား ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။
တောင်ဒဂုံမြို့နယ်သည် လက်ရှိအကောင်အထည်ဖော်နေ သီလဝါအထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်းတို့နှင့် အနီးဆုံးနေရာတွင် တည်ရှိသဖြင့် စီးပွားရေးအရ အချက်အချာကျသည့် နေရာတစ်ခု ဖြစ်လာနိုင်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က ခန့်မှန်းနေသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com