တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဈေးကွက်သည် ယခင်နှစ်က စံချိန်တင်အရောင်းအ၀ယ်
ပမာဏ ၂၀၉ ဘီလျံယွမ် (အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၁၈ ဘီလျံ) ဖြင့် ပိတ်သိမ်းခဲ့သည်။
ရှန်ဟိုင်းမြို့တွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြင့် ရှန်ဟိုင်းက ထိပ်တန်းရင်းနှီးမြှုပ်နှံမှု
နေရာတွင် ဆက်လက်ရပ်တည်ခဲ့ကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံနှင့် ၀န်ဆောင်မှုကုမ္ပဏီ JLL က ဇန်န၀ါရီလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းပမာဏသည် ၂၀၁၅ ခုနှစ်ကထက် ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပြည်တွင်းရင်းနှီးမြှုပ်နှံသူများက ပြုလုပ်ကြခြင်းဖြစ်ကာ အထူးသဖြင့်ရှန်ဟိုင်းနှင့် ပေကျင်းအပါအ၀င် အဓိကမြို့ကြီးများတွင် ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်လာကြသည်။
ထို့ပြင် သူတို့သည် ပြည်ပရင်းနှီးမြှုပ်နံမှုများကိုလည်း အင်တိုက်အားတိုက်
ပြုလုပ်လာကြသည်။
"ရှန်ဟိုင်းဟာ နိုင်ငံရဲ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဈေးကွက်ကို ၂၀၁၆ မှာ ဆက်လက်စိုးမိုး
ထားခဲ့ပါတယ်။ ရှန်ဟိုင်းမှာရင်းနှီးမြှုပ်နှံကြမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၂၀၉ ဘီလျံယွမ်ရဲ့ ၄၈ ရာခိုင်နှုန်းရှိပါတယ်" ဟု JLL ၏ ရှန်ဟိုင်းနှင့် အရှေ့တရုတ်ဈေးကွက်များဆိုင်ရာ အကြီးအကဲ ဂျော်နီရှောင်က ပြောကြားခဲ့သည်။
"စုစုပေါင်းအရောင်းအ၀ယ်ရဲ့ ၅၅ ရာခိုင်နှုန်းရှိတဲ့ ရုံးခန်းတွေက လူကြိုက်အများဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် ရှိဆဲပါပဲ" ဟုလည်း သူက ပြောကြားခဲ့သည်။
ရှန်ဟိုင်းတွင် ယခင်နှစ်က စုစုပေါင်းအရောင်းအ၀ယ်ပမာဏ ၁၀၀ ဘီလျံယွမ် ရှိခဲ့ပြီး ပေကျင်းက ၃၃ ဘီလျံယွမ်(စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်း)ဖြင့် ရှန်ဟိုင်းနောက်မှ ရပ်တည်ခဲ့ကာ စန်းကျန်းက ၁၀ ရာခိုင်နှုန်းဖြင့် ၎င်းတို့နောက်၌ ရပ်တည်ခဲ့ကြောင်း
လည်း JLL က ထုတ်ပြန်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com