စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည်

စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
18 Jan 2017 11:28 am တွင် တင်ခဲ့သည်
2455 ကြိမ် ကြည့်ရှု့ပြီး
စကော့တလန်နိုင်ငံတွင် အိပ်ခန်း ၆ ခန်းပါ ဘန်ဂလိုတစ်လုံးနှင့် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစက်ပါဝင်သည့် ကျွန်း ၂ ကျွန်းကို လန်ဒန်မြို့ ပေါ်တွင် ပျှမ်းမျှနေအိမ်တစ်လုံးပေါက်ဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင် လာကြောင်း ဗြိတိန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရောင်းချမည့်ကျွန်းများမှာ စကော့တလန် အရှေ့ မြောက်ဘက်ကမ်းလွန်တွင် တည်ရှိသည်။
ကျွန်းများ၏ စုစုပေါင်းအကျယ်အဝန်းမှာ ဒီရေမြင့်တက်ချိန်တွင် ၁၂ ဒသမ ၅ ဧက အကျယ်အဝန်းရှိပြီး ဒီရေအနိမ့်ဆုံးကျဆင်းချိန်တွင် အကျယ်အဝန်း ၂ ဆခန့် ပိုမိုကျယ်ဝန်းသွားရာ ၂၃ ဧက ခန့်ရှိသည်။

ဒီရေကျချိန်တွင် ပြည်မကြီးသို့ တာရိုးလမ်းမှတစ်ဆင့် သွားနိုင်ပြီး ဒီရေတက်ချိန်တွင်မူ လှေဖြင့်သွားရမည် ဖြစ်သည်။
ဘန်ဂလိုမှာ ပြည်မကြီးနှင့်နီးသော အတွင်းဘက်ကျွန်းပေါ်တွင် တည်ရှိပြီး အိပ်ခန်း ၄ ခန်းပါဝင်ကာ တိုးချဲ့ ဆောင်တွင် အိပ်ခန်း ၂ ခန်း ပါသည်။
ဧည့်ခန်းနှင့် ညစာစားခန်းကို ပေါ်လစ်ဖြင့် အရောင်တင်ထားသော သစ်ကြမ်းခင်းများခင်းထားသည်။
တိုးချဲ့ ဆောင်တွင် လောင်စာမျိုးစုံသုံးနိုင်သည့် မီးဖိုတစ်ခု ပါဝင်ပြီး အိမ်မကြီးနှင့် ဆက်သွယ်ထားသည်။

အတွင်းပိုင်းကို ခေတ်သစ်အသွင် မွမ်းမံရန်မူ လိုအပ်လျက်ရှိပြီး အထူးသဖြင့် ရေချိုးခန်းဖြစ်သည်။
ပြတင်းတံခါးများကို မှန်နှစ်ထပ်တပ်ဆင်ထားသည်။
ဘန်ဂလိုဝန်းကျင်တွင် မြက်ခင်းပတ်လည်ဝန်းရံလျက်ရှိပြီး ပန်းဥယျာဉ်တစ်ခုလည်း ပါဝင်သည်။
ဘန်ဂလိုတည်ရှိရာကျွန်း၏ အရှေ့ မြောက်ဘက်တွင် ကြီးမားသောကျောက်တုံးအိမ်တစ်လုံး ပါဝင်သေးသည်။
အပြင်ဘက်ကျွန်းမှာ ပိုမိုကြီးမားပြီး အတွင်းကျွန်း၏ တောင်ဘက်စူးစူးတွင် တည်ရှိသည်။

ယင်းကျွန်းနှစ်ခုကို တာရိုးတစ်ခုဖြင့် ဆက်သွယ်ထားပြီး ဒီရေကျချိန်တွင် ကူးသန်းနိုင်သည်။
ကျွန်းများကို ရောင်းချရခြင်း၏ အကြောင်းရင်းမှာ ပိုင်ရှင်မိသားစုမှ လူငယ်လူရွယ်တို့သည် အဆိုပါကျွန်းများတွင် လာရောက်နေထိုင် နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။
Orkney ပြည်နယ်၏ မြို့ တော် Kirkwall သည် ဟိသရိုးလေဆိပ်သို့ လေယာဉ်ခရီးဖြင့်သွားလျှင် ၃ နာရီခွဲကြာမြင့်သည်။
ခေါ်ဈေးမှာ ပေါင် ၃၀၀၀၀၀ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
စကော့တလန်ရှိ ကျွန်း ၂ ကျွန်းကို လန်ဒန်အိမ်တစ်လုံးဈေး၏ ထက်ဝက်မျှပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service