ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိလူနေအိမ်ရာနှင့်စီးပွားရေး ဆိုင်ရာ အဆောက်အအုံ ဧရိယာအတွင်း ဂျပန် ကုမ္ပဏီတစ်ခုက ဟိုတယ်တစ်လုံးတည် ဆောက်သွားမည် ဖြစ်ကြောင်း Thilawa Property Development Limited မှ ဇန်နဝါရီလ ၁၄ရက်က သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ လူနေအိမ်ရာနှင့် စီးပွားရေးဆိုင် ရာအဆောက်အအုံ ဧရိယာအတွင်း ဟိုတယ်လုပ်ငန်းနှင့် စက်သုံးဆီလုပ်ငန်းများ အတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တင်ဒါစတင် ခေါ်ယူခဲ့ပြီး လျှောက်ထား ခဲ့သည့် ပြည်တွင်းကုမ္ပဏီ၁၁ခု နှင့် ပြည်ပ နိုင်ငံများ ကုမ္ပဏီခြောက်ခုထဲမှ ဂျပန် ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်ဒါအောင်မြင်ခဲ့သည့် ဂျပန်နိုင်ငံမှ Super Hotel Co., Ltd မှာ ရန်ကုန်မြို့တွင်း၌ ယခင်ကပင် ဟိုတယ်တစ်ခုတည်ဆောက်ကာ လုပ်ကိုင်လျက်ရှိ ကြောင်း သိရသည်။
ထိုကုမ္ပဏီမှာ နိုင်ငံတကာတွင် ဟိုတယ်၁၁၉လုံး တည်ဆောက်ကာ ဟိုတယ် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခု ဆောက်လုပ်မည့်သီလဝါအထူးစီးပွားရေး ဇုန်အတွင်းတွင် လူနေအိမ်ရာနှင့်စီးပွားရေးဆိုင်ရာအဆောက်အအုံဧရိယာအတွင်းအခန်း ပေါင်း ၁၂၉ ခန်းပါ ဟိုတယ်ကိုတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
Credit: PYI Myanmar