ခေတ်မီဖွံ့ ဖြိုးတိုးတက်လာတာနဲ့အမျှ အိမ်တွင်းအလှဆင်မှုကို စိတ်ပါဝင်စားလာကြတယ်။ ကိုယ်ပိုင်အခန်းလေးထဲမှာ ကိုယ့်စိတ်ကြိုက် ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ဖော်ညွှန်းပေးမယ့် အပြင်အဆင်တွေ၊ အသုံးအ ဆောင်တွေကို ဒီဇိုင်နာတွေနဲ့ တသီးတသန့် အပ်လာခဲ့ကြပါတယ်။ ကိုယ့်တစ်ယောက်အိပ် ခန်း လေးကစ အိမ်တစ်လုံး၊ စားသောက်ဆိုင်တစ်ခု၊ ဟိုတယ်တစ်လုံးအဆင့်အထိ သေချာကျနစွာ ပြုလုပ်လာကြပါ တယ်။
အဲဒါကြောင့် အခုလို အိမ်တွင်း ဒီဇိုင်းပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး Neutron Animation Group ရဲ့ Interior Designer ဒေါက်တာအောင်ရဲကျော်ကို တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။ Interior Designer ပညာကို ၂၀ဝ၄ ခုနှစ် ကတည်း က စတင်လေ့လာခဲ့ပြီး ၂၀၁၀ မှာ သည်လောကထဲ ခြေစုံ ပစ်ဝင်ခဲ့ပါ တယ်။ ၂၀ဝ၉ ခုနှစ်မှာ အိတ်ခ်ျအိုင်ဗီညာပေးနဲ့ပတ်သက် ပြီး နိုင်ငံပေါင်းစုံ Online Animation ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်။ အဲ သည်နောက် ၂၀၁၃ မှာ လည်း နိုင်ငံပေါင်းစုံ Online Animation ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့ သလို ၂၀၁၄ မှာလည်း အာဆီယံနိုင်ငံပေါင်းစုံ Copy Rights နဲ့ ပတ် သက်ပြီး ယှဉ်ပြိုင်တဲ့ Online Animation ပြိုင်ပွဲမှာ ဒုတိယထပ်မံရရှိခဲ့ပါတယ်။ ယခုဆိုရင် တော့ Neutron Animation Group ကို တည်ထောင်ထားပါတယ်။
မော်ဒန်။ ။ ၂၀၁၆ မှာ အိမ်တွင်း ဒီဇိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံ ခေတ်စားခဲ့လဲခင်ဗျ။
ဖြေ ။ ။ ၂၀၁၆ မှာတော့ အခု နောက်ပိုင်းက မြန်မာမော်ဒန်ပေါ့။ မြန်မာမော်ဒန်ဆိုတာကတော့ အ ရင်တုန်းကတော့ ဆိုပါစို့ အိမ်တစ်အိမ်ကို အလှဆင်တယ် ၊ ဒီဇိုင်းလုပ်တယ်ဆိုရင် သည်လိုမျိုး ဒီဇိုင်နာတွေမခေါ်ဘူး။ ဆိုပါစို့ ကိုယ့် ဘာသာကိုယ် အိမ်တစ်အိမ် ဆောက်လိုက်တယ်။ ပြီးတော့ ဖန်နစ်ချာတွေကအစ ကိုယ့်ဘာသာ ကိုယ်လိုက်ကြည့်ပြီးဝယ်တယ်။ ဝယ်ပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲ နေရာချလိုက် တာပေါ့။ ခန်းဆီး ဆို လည်း ခန်း ဆီးဆိုင်လိုက်ကြည့် တယ်။ အဲဒါ က အရင်တုန်းက။ အရင်တုန်းက ဆိုပေမဲ့လည်း ၂၀၁၀ ၊ ၂၀၁၂၊ ၂၀၁၃ လောက်အထိပေါ့။ အဲသည် ပုံစံနဲ့ပဲသွားတယ်။ သည် Interior Designer တွေရဲ့ roll က အဲသည်လောက် မရှိသေးဘူး။ သူ့ဟာနဲ့ သူ နိုင်ငံ ခြားမှာတော့ ရှိနေတာပေါ့။သူတို့ဆီမှာက အများကြီးခွဲထားတာ ပေါ့။ မီးဖိုဆောင်ပဲဖြစ် ဖြစ် ၊ ဧည့်ခန်းအတွက်ပဲဖြစ်ဖြစ်၊ အိပ်ခန်း အတွက်ပဲဖြစ်ဖြစ်တစ်ခုချင်းစီ အတွက် သီးသန့်ဒီဇိုင်နာတွေရှိပြီးသား ၊ roll တွေရှိပြီးသား သည်မှာ တော့ ခေတ်မစားသေးဘူး။
အခုနောက်ပိုင်းကျမှသာ လူသိလာတယ်။ အဲသည်ကျမှ သည် မြန်မာနိုင်ငံနဲ့ကိုက်တဲ့ ဒီဇိုင်းတွေတွေ၊ themes တွေရှာရတာပေါ့။ ရှာတော့ ကိုယ့်နိုင်ငံအနေအထားနဲ့လည်း ကိုက်မယ်၊ အဆင်ပြေ မယ် ၊ ခေတ်လည်းဆန်ရမယ်။ အဲ ဒါ နဲ့ မြန်မာမော်ဒန်တွေ ခေတ်စားလာတာပေါ့။ သူက ပိုက်ဆံအနေအထားအရလည်း သိပ်မကုန်ဘူး။ နောက်ပြီး ကြည့်လို့လည်း လှမယ်ပေါ့။ တချို့ကျတော့လည်း classic တွေ ကြိုက်တဲ့သူလည်း ရှိတယ်။ ဒါကျတော့ လူနည်းစုပါ။ ဘာလို့ဆို သူက ဈေးအရမ်းများ တယ်။ အဲဒါကြောင့် မြန်မာမော်ဒန်ဆိုတာက ခေတ်ပေါ်ဒီဇိုင်းကို မြန်မာအငွေ့အသက်တွေလည်းပါအောင် လုပ်ပေးတာပေါ့။ ပေါ့ပေါ့ပါးပါးလည်း ဖြစ်ပါတယ်။
မော်ဒန် ။ ။ ၂၀၁၇ မှာတော့ ဘယ်လိုဒီဇိုင်းပုံစ ခေတ်စားလာဖို့ရှိလဲ။
ဖြေ ။ ။ အခြားနိုင်ငံမှာတော့ ဖြည်းဖြည်းချင်း မော်ဒန်ဒီဇိုင်းတွေ ပြောင်းလာပေမဲ့ အစ်ကိုတို့ နိုင်ငံမှာတော့ စောစောက ပြောသလို ၂၀၁၇ မှာလည်း မြန်မာမော်ဒန် ဒီဇိုင်းပဲ ခေတ်စားဖို့ပဲ ရှိဦးမယ်။
မော်ဒန် ။ ။ အိမ်တွင်းဒီဇိုင်းဖန်တီးမှုနဲ့ ပတ်သက်ပြီး လုပ်ငန်းအမျိုး အစား ဘယ်နှမျိုးရှိသလဲအစ်ကို။
ဖြေ ။ ။ အဲသည်မှာတစ်ခုရှိတယ်။ ကျွန်တော်တို့က အလှဆင်တယ် ဆိုတဲ့ အသုံးအနှုန်းပေါ့နော်။ အဲဒါကို interior decorator ရယ်၊ interior designer ရယ်၊ interior visualizer ဆိုပြီး သုံးမျိုးရှိတယ်။
Decorator ဆိုပါစို့ ၊ ခန်းဆီး တွေ၊ မီးဆိုင်းတွေ ရောင်းတဲ့သူ တွေရှိတယ်။ သူတို့က တစ်ခုချင်း စီပဲ လုပ်တာ။ အိမ်ကိုလိုက်ကြည့်တယ်၊ ဒါနဲ့လိုက်မယ်ဆိုပြီး တပ်ဆင်ပေးတဲ့သူ စသဖြင့်ပေါ့။ အဲဒါ ကို decorate လုပ်တယ်လို့ ခေါ် တယ်။ သူက ဒီဇိုင်းဆွဲပေးတာ မဟုတ်ဘူး။
ဒီဇိုင်နာကျတော့ စပြီးတော့ လုပ်မယ်ဆိုကတည်းက အခန်း အကျယ်အဝန်းတွေ ထောင့်တွေ တိုင်းတယ်။ တိုင်းကြည့်ပြီး တော့ သူနဲ့လိုက်ဖက်မယ့် အစအဆုံးပေါ့ သုံးမျိုးစဉ်းစားပေးတယ်။ လှလည်း လှရမယ်။ သုံးလို့လည်း ရရမယ်။ လှပြီးတော့ သုံးမရတာလည်း မဖြစ်ရဘူး။ ဖက်ရှင်လည်း ကျရမယ်။၊ အခန်းထဲရောက်သွားတာနဲ့ ခံစားမှုတစ်ခုကို ပေးနိုင်ရ မယ်။ အဲသည်အချက်သုံးချက်လုံးနဲ့ ညီအောင် ဒီဇိုင်းလုပ်ပေးတယ် ပေါ့။
နောက် interior visualizer ဆိုတာကျတော့ 3D ပုံတွေပေါ့။ ဥပမာ အခန်းလွတ်တစ်ခုကို ဒီဇိုင်နာက ဒီဇိုင်းစဉ်းစားပေးလိုက်တယ်။ အဲဒါကို အပြင်မှာ မဆောက်ခင် သူက 3D ပုံဖော် ပေး လိုက်တယ်။ ပြီးတော့ ဒီဇိုင်နာ ကို ပြတာပေါ့။ သူ့ရဲ့တာဝန်က အဲဒါ ပဲ။ ပိုင်ရှင်က မကြိုက်ရင် ပုံ ပြန်ပြင်ပေါ့။
သည်မှာတော့ အဲ သည်သုံး မျိုး ရောနေကြတယ်။ ဆိုပါ တော့ ကျွန်တော်တို့က 3D ဆွဲတတ်တယ်၊ ပုံတွေ ဆွဲတတ်တယ်။ အလုပ်သွားလျှောက်တယ်။ တချို့အလုပ်တွေကလည်း မသိဘူး။ အဲသည်တော့ ဘယ်နေရာ ပေးလိုက်လည်းဆို ဒီ ဇိုင်နာနေရာ ပေး လိုက်တယ်။ အမှန်တော့ သူက ဒီဇိုင်နာ မဟုတ် ဘူး၊ visualizer ပဲ။ သည်မှာတော့ အဲသည် လို ပြ ဿ နာလေးတွေရှိတယ်။
မော်ဒန် ။ ။ အိမ်တွင်းဒီဇိုင်းပုံစံကျ တော့ ဘယ်နှမျိုးလောက် ရှိလဲ။
ဖြေ ။ ။ ဒီဇိုင်းဘယ်နှ မျိုးလောက်ရှိ လည်းဆို တော့ themes တွေပေါ့။ သူက အများ ကြီး ရှိတယ်။ စတိုင်တွေပေါ့။ နားလည်အောင် ပြောရမယ်ဆိုရင်ပေါ့ ကိုဝင်းဦးခေတ်မှာ ဝင်းဦး စတိုင်၊ ကျော်ဟိန်းလာတယ် ကျော်ဟိန်းစတိုင်၊ ဒွေးခေတ်မှာ ဒွေးစတိုင်၊ ရာဇာနေဝင်း ခေတ်မှာ ရာဇာနေဝင်းစတိုင်ခေတ်အဆက်ဆက်မှာ သူ့စတိုင်တွေ ရှိတယ်။ အဲသည်လို မျိုးပေါ့။ သည်ဘက်မှာလည်း ရောမတို့ ၊ ဂရိတို့ ခေတ်ကတည်းက သူ့စတိုင်နဲ့သူရှိတယ်။ စတိုင်တွေကတော့ အများကြီး။ ဟိုး ဘက်ခေတ်မှာကတည်းက interior design က စတိုင် အမျိုးမျိုးနဲ့ တောက်လျှောက်ကြီးလာတာ။ ခုနောက်ပိုင်းတော့မော်ဒန်ပေါ့။စတိုင်တွေကတော့ အများကြီးပါ။ ခုနောက်ဆုံးဖြစ်နေတာကတော့ မော်ဒန် ဒီဇိုင်းပေါ့။
မော်ဒန် ။ ။ အခန်းကျဉ်းတွေကျတော့ ဘယ်လိုဒီဇိုင်းဆွဲတာ ပိုသင့်တော်မလဲ အစ်ကို။
ဖြေ ။ ။ အခန်းကလေ အခန်း ကျဉ်းကျဉ်း ကျယ်ကျယ်ပေါ့။ ဒါပေမဲ့ အခန်းကျဉ်းတယ်ဆိုရင်တော့ ဒီဇိုင်းစဉ်းစားရတာ ပိုခက်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အခန်း အကျဉ်းအတွက် သည်ဒီဇိုင်းဆိုပြီး သီးသန့်မရှိဘူး။ ဘာလို့ဆို ကျွန် တော်တို့က အခန်းအကျဉ်းအတွက် ဒီဇိုင်းသီးသန့်ဖြစ်တယ်ဆို ရင် အခန်းကျဉ်းတိုင်းက သည် ဒီဇိုင်းပဲဖြစ်နေမှာ။ ပြီးတော့ ထပ်နေလိမ့်မယ်။
အဓိက က ဒီဇိုင်း ထုတ် တဲ့ နေ ရာမှာ အိမ်ရှင်ပေါ့။ အိမ်ရှင်ရဲ့ life style ကို ကြည့်ရ တယ်။ သူနဲ့ စကားသွားပြောတယ်။ သူ့စိတ်ကြိုက် သည်အ ခန်းမှာ ဘယ် ဖန် ရှင်တွေသုံးမလဲ၊ ဥပမာ ဧည့်ခန်းမှာ တီဗွီတစ်လုံးထားမယ်၊ စာ ကြည့် တိုက် တစ်ခုထားမယ်၊ စသ ဖြင့် သူ့ဆီက ဒေတာကို ယူရတယ်။ ယူပြီးတော့ သူနဲ့ကိုက် မယ့် ဒီဇိုင်းမျိုးကို ပြန် ထုတ်ပေးရတာ၊ နှစ်ကကျတော့ သူရဲ့ ဘတ် ဂျတ်ပေါ့။ ဒီဇိုင်းတော့ ကိုယ်က ဆွဲပေးလိုက်တယ်။ ဒါ ပေမဲ့ ကိုယ်ဆွဲ ပေး လိုက် တဲ့ ဒီ ဇိုင်းက သူ့ ဘတ်ဂျက် နဲ့က မလောက်ဘူးဆိုလည်း အ ဆင် မပြေပြန် ဘူး။ ဘတ်ဂျက်ပေါ် မူတည်ပြီး တော့လည်း ဒီဇိုင်းဆွဲပေးတယ်၊ ကျဉ်းကျဉ်းကျယ်ကျယ်ပေါ့။
မော်ဒန် ။ ။ အစ်ကိုတို့ကျတော့ အခု အခန်းတစ်ခန်းချင်းစီအတွက်လား၊ တစ်အိမ်လုံးအတွက် ဒီဇိုင်း ဆွဲပေးတာလား။
ဖြေ ။ ။ အဲဒါက ပရောဂျက်အပေါ် မူတည်တယ်။ တစ်ခုနဲ့တစ်ခု မတူ ဘူး။ တချို့ကျတော့လည်း တစ် ခန်းချင်းစီအပ်တယ်။ တချို့ကျ တော့လည်း တစ်အိမ်လုံးအပ် တယ်။
အခုပြဿနာဖြစ်တာက အိမ်ရှင်တွေက သူတို့စိတ်ကြိုက် အိမ် ကြီးတွေ ဆောက်လိုက်တယ်။ တော်တော်ကြီးတယ်။ ပြီးတော့ သည်နားလေးမှာ ဒါထည့်မယ်၊ ဟို နားမှာ ဒါထားမယ်ပေါ့။ ပြီးတော့ လုံးဝမစဉ်းစားတတ်တော့ဘူး၊ ဆက်မလုပ်တတ်တော့ဘူး။ အဲသည်ကျမှ ကျွန်တော်တို့ကို လာ ခေါ်တာမျိုးတွေလည်းရှိတယ်။ အဲ သည်လိုကိစ္စတွေက တော်တော်များတယ်။ အဲသည်ကျတော့ သူ တို့လည်း ပိုက်ဆံပိုကုန်ရတယ်။ ကျွန်တော်တို့လည်း လုပ်ရတာ ပိုခက်သွားတယ်ပေါ့။
မော်ဒန် ။ ။ သည်လိုဒီဇိုင်းတစ်ခု အပြီးအစီးအတွက် အချိန်ဘယ် လောက်ယူရလဲ အစ်ကို။
ဖြေ ။ ။ အဲသည်အတွက် နှစ်ပိုင်းရှိ တယ်။ စပြီးတော့ အိမ်အပ်ပြီဆို ခုနကပြောတဲ့ အိမ်ရှင်နဲ့တွေ့ပြီး ဒေတာအချက်အလက်တွေယူတယ်၊ ဆွေးနွေးတယ်၊ ဆာဗေး ကောက်တယ်။ ဆာဗေးကောက်တဲ့အဆင့် ပြီးသွားပြီဆိုမှ ကျွန် တော်တို့က ဒီဇိုင်းတွေစဉ်းစားတယ်ပေါ့။ ပြီးတော့ 3D တွေဆွဲတယ်၊ ပြန်ပြတယ်။ ဒါ အိုကေပြီ ဆို အချက်အလက်တွေသေချာပြန်ထုတ်တယ်။ အဲဒါပြီးမှပဲ စာ ချုပ်ချုပ်တယ်၊ အလုပ်လုပ်တယ်ပေါ့။
ပြီးတော့ မီးဆိုင်းတွေ၊ ကော နစ်သမားတွေ သူတို့အတွက် ဆိုင်ရာဆိုင်ရာ ဒိုင်မေးရှင်းတွေ ထုတ်ပေးတယ်။ အဲသည်ကျမှ အလုပ်စတယ်။
ဒီဇိုင်းအတွက်ကတော့ ဧရိ ယာ အနည်းအများကို မူတည်ပြီး တော့ နှစ်ပတ်ကနေ တစ်လအထိ ကြာတယ်။ ဆောက်တဲ့ဟာတွေ ကျတော့ တစ်ချို့ကျ ဆိုပါစို့ လှည်း တန်းစင်တာမှာ ဆိုင်တစ်ဆိုင်လုပ် တာကျ တစ်လလောက်နဲ့ပြီး တယ်။ ဒါပေမဲ့ အိမ်ကြီးသွားရင်တော့ ခြောက်လကနေ တစ်နှစ်အ ထိ ကြာတတ်တယ်။ ဘာလို့ဆို ကိုယ်သုံးတဲ့ ပစ္စည်းပြတ်လပ်တာတွေ အလုပ်သမားညှိလို့မရတာတွေ အဲသည်လိုပြဿနာတွေကြောင့် အချိန်ကြာတာတွေရှိပါတယ်။
မော်ဒန် ။ ။ ဒီဇိုင်းကျတော့ local ဘယ်နေရာတွေအထိ လိုက်ပြီး ဆောင်ရွက်လဲ ခင်ဗျ။
ဖြေ ။ ။ များသောအားဖြင့် အစ်ကိုတို့ကို ဆက်သွယ်လာကြတယ်။ အစ်ကိုတို့လိုက်နိုင်တဲ့ အခြေအနေ ဆို လိုက်ကြည့်ပေးတယ်။ များသောအားဖြင့် မြို့ကြီးတွေဆို လိုက်လုပ်ပေးတယ်။ အစ်ကိုတို့က အဓိက မြို့ကြီးတွေပေါ့။ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် ၊ တောင် ကြီး၊ ကလော၊ အောင်ပန်းနဲ့ အခြားပြည်နယ်တွေက မြို့ကြီး တွေအထိပါ လိုက်လံဆောင်ရွက်ပါတယ်။
မော်ဒန် ။ ။ အစ်ကိုက ဆရာဝန်လို့ သိရတယ်။ ဘယ်လိုလုပ် သည်လို အိမ်တွင်းအလှဆင်တဲ့ ဒီဇိုင်နာ ဘက်ကို ရောက်လာတာလဲ။
ဖြေ ။ ။ ကျွန်တော်တို့ခေတ်က ၁၀ တန်းအောင်လို့ အမှတ်များရင် မိဘတွေက ဆေးကျောင်းတက် ခိုင်းတဲ့ ခေတ်ကိုး။ ဆေးကျောင်းတက်ဖြစ်သွားတာပေါ့။ ဒီဇိုင်းဆွဲတာတွေ ဘာတွေတော့ နဂိုကတည်းက ဝါသနာပါတာပေါ့။ ဟောက်ဆာဂျင်ပြီးတော့ ဆက် မလုပ်ချင်တော့ဘူး။ အဲသည်တော့ သည်ဘက်လမ်းကြောင်းပြောင်း လိုက်တယ်။ ပထမ စစချင်းတော့ visualizer ပေါ့ ။ နောက်ပိုင်းကျတော့မှ လေ့လာရင်း ငါလုပ်နေတာ ဒီဇိုင်နာမဟုတ်ဘူး၊ visualizer ပေါ့။ အဲသည်ကျမှိ interior design ကို ဒီပလိုမာတက်လိုက်တယ်။ အဲသည်နောက်ပိုင်းတော့ သည်လောကထဲ ရောက်လာတာပေါ့။
မော်ဒန်။ ။ အခုလိုအချိန်ပေး ဖြေ ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Credit: Kumudra