ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်က သူပိုင်ဆိုင်တဲ့ ဗီဗာလီဟေးစ်မှာ ရှိတဲ့အိမ်ကြီးကို အဆိုပါအရပ်ရဲ့ နယ်မြေအမှတ်အသားတစ်ခု အဖြစ် ကြေညာခွင့် ရလိုကြောင်းနဲ့ လတ်တလောမှာ ယင်းအိမ်ကို အကြီးစားပြင်ဆင်မှုတွေလုပ်နေကြောင်း အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
သူ့ရဲ့နေအိမ်ကို ယခုလိုနယ်မြေအမှတ်အသား တစ်ခုအဖြစ် ကြေညာခြင်းခံရဖို့ လတ်တလောမှာ တေလာဆွစ်ဟာ ဗီဗာလီဟေးစ် ယဉ်ကျေးမှုအမွေ အနှစ်ကော်မရှင်ရဲ့ အတည်ပြုချက်တစ်ခုကိုလည်း ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ယခင်က ဟောလိဝုဒ်ရဲ့ ထင်ရှားတဲ့ ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးဖြစ်တဲ့ ဆန်မြူရယ်လ်ဂိုးဒ်ဝင်းနဲ့ သူ့ရဲ့မိသားစုတွေ နေထိုင် ခဲ့တဲ့နေအိမ်ကြီးကို အမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့ တေလာဆွစ်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။
၁၉၃၄ ခုနှစ်က ဆောင်လုပ်ခဲ့တဲ့ အဆိုပါအိမ်ကြီးဟာ အိပ်ခန်း ခြောက်ခန်းနဲ့ ရေချိုးခန်း ငါးခန်း ပါဝင်တဲ့ နေအိမ်ကြီးဖြစ်ပြီး ယင်းအိမ်ကြီးရဲ့ ခြံဝန်းဟာလည်း ၁ဝ၉၈၂ စတုရန်းပေ ကျယ်ဝန်းပါတယ်။
ယင်းအိမ်ကြီးကို တေလာဆွစ်က လတ်တလောမှာ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိပြီး အဆိုပါဗီဗာလီဟေးစ်ဒေသရဲ့ အထင်ကရ နယ်မြေအမှတ်အသားတစ်ခုအဖြစ် ဖန်တီးလိုတာဖြစ်ပါတယ်။
အဆိုပါအိမ်ကြီးကို နယ်မြေအမှတ်အသားအဖြစ် ကြေညာပေးဖို့ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၁ ရက်မှာ ဗီဗာလီဟေးစ် ယဉ်ကျေးမှုအမွေအနှစ်ကော်မရှင်မှ အဖွဲ့ဝင် ငါးဦးက ထောက်ခံမဲပေးခဲ့ကြပြီး အဆိုပါကိစ္စရပ်ကို မြို့တော်ကောင်စီမှာ ဆွေးနွေးကာ အဆုံးအဖြတ်ပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
Credit: The Mirror