ပုဏ္ဏားကျွန်းစက်မှုဇုန် အမြန်ဆုံး အကောင်အထည်ဖော်ရန် ဒေသခံများလိုလား

ပုဏ္ဏားကျွန်းစက်မှုဇုန် အမြန်ဆုံး အကောင်အထည်ဖော်ရန် ဒေသခံများလိုလား - Property News in Myanmar from iMyanmarHouse.com
17 Jan 2017 10:19 am တွင် တင်ခဲ့သည်
982 ကြိမ် ကြည့်ရှု့ပြီး
ပုဏ္ဏားကျွန်းစက်မှု ဇုန် အကောင်အထည်ဖော်ရန် လယ်မြေများ အသိမ်းခံရသည့် တောင်သူများက အလုပ်အကိုင် များ ပြန်လည်ရရှိနိုင်ရေးအတွက် စက်မှုဇုန်ကို အမြန်ဆုံး အကောင် အထည်ဖော်ရန် လိုလားနေ ကြောင်း သတင်းရရှိသည်။

စက်မှုဇုန်အကောင်အထည် ဖော်ရန် လယ်မြေနှင့် စားကျက် မြေဧက ၁,၈၀၀ ကျော်ကို လျော် ကြေးပေး၍ အစိုးရက သိမ်းယူ ထားသည်မှာ သုံးနှစ်ကျော်ကာလ သို့ ရောက်ရှိနေပြီဖြစ်သော်လည်း စက်မှုဇုန်အကောင်အထည်ဖော် မှုကို မတွေ့ရသေးကြောင်း လယ် သိမ်းခံ တောင်ဦးအောင်ထွန်းမြ က ပြောသည်။

‘‘လယ်ယာ လုပ်ငန်းနဲ့ အသက်မွေးနေတာ။ စက်မှုဇုန်လုပ်မယ်ဆိုတော့ လယ်မရှိရင်လည်း သားသမီးတွေ စက်မှုဇုန်မှာ အလုပ်လုပ်ရမှာပဲဆိုပြီးတော့ သိမ်းဆည်းခံ လယ်တွေအတွက် လျော်ကြေးတွေ ရယူခဲ့တာပါ။ အခု လယ်သိမ်းထားတာ သုံးနှစ်ကျော်လာပြီ။ ဘာတစ်ခုမှ မထူးတဲ့အတွက် သားတချို့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်လာရတယ်’’ ဟု ဦးအောင်ထွန်းမြက ပြောသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန် အတွက် သိမ်းဆည်းမြေဧက ၁,၈၀၀ ကျော်ကို ပြည်နယ် အစိုးရအဖွဲ့က ဇန်နဝါရီ ၁၁ ရက်တွင် တောင်သူများထံ လယ်မြေတစ်ဧကလျှင် ကျပ်နှစ်ဆယ့်ငါးသိန်းနှင့် စားကျက်မြေ တစ်ဧကလျှင် ကျပ်ဆယ့်ငါးသိန်း ပေးလျော်ထားပြီးဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေသည့် ရခိုင်ပြည်နယ် တွင် ဒေသခံများ အလုပ်အကိုင် ရရှိရန် မျှော်မှန်းချက်ဖြင့် ပုဏ္ဏား ကျွန်းစက်မှုဇုန်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုလားနေကြောင်း ဒေသခံ အများစုက ပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အများ ပိုင်ကုမ္ပဏီ (MKSH)နှင့် ပြည်နယ်အစိုးရ သဘောတူစာချုပ် (MoU)ချုပ်ဆိုထားသော်လည်း ကုမ္ပဏီဘက်က ပျက်ကွက်မှုကြောင့် ကုမ္ပဏီအသစ် ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service