တန်ဖိုးနည်း အိမ်ရာစီမံကိန်း ၀ယ်ယူခွင့်ရရှိသူများ အနေဖြင့် ၂ပတ်အတွင်းလာရောက်ဆက်သွယ်ရန်လိုအပ်ပြီး လာရောက် ဆက်သွယ်ခြင်းမရှိပါက ၀ယ်ယူခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်.
နှစ်ပတ်အတွင်းတော့ လာဆက်သွယ်ရမယ် မလာရင်တော့ဝယ်ယူခွင့်ကို ပယ်ဖျက်မယ် ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်မီမီတင်ကပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနသည် ယုဇန၊ ရွှေလင်ဗန်း၊ ကနောင် အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၂,၁၀၀ ကျော်ကို ဘဏ်ချေးငွေဖြင့် ဘဏ်တွင်ငွေ စာရင်းဖွင့်လှစ်ထားပြီး သတ်မှတ် ရာခိုင်နှုန်း ပြည့်မီသူများအားစတင်ရောင်းချနေပြီ ဖြစ်သည်။
ထို့ကြောင့် အိမ်ရာဝယ်ယူ ခွင့်ရရှိသူများကို စည်းကမ်းချက် နှင့် သတ်မှတ်ချက်များ ထုတ်ပြန် ခဲ့ပြီး အိမ်ရာဝယ်ယူခွင့်ရရှိသူများသည် အိမ်ပိုင်မရှိသူဖြစ်ရ မည်ဟု သတ်မှတ်ထားကာလစဉ် ပုံမှန်ဝင်ငွေရှိပြီး ဘဏ်ချေးငွေအ တွက် ပုံမှန်ပေးဆပ်နိုင်သူဖြစ်ရ မည်ဟု သတ်မှတ်ချက်တွင်ပါဝင် သည်။
အစိုးရသစ်လက်ထက်တွင် ပထမအသုတ်အဖြစ် ယုဇန၊ ရွှေလင်ဗန်း၊ ကနောင်အိမ်ရာစီမံကိန်းများကို စတင်ရောင်းချခြင်း ဖြစ်ပြီး အခန်းပေါင်း ၂,၁၀၀ ကျော်ဝယ်ယူခွင့်ရရှိသူများမှာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားနိုင်သူများကို စီနီယာနံပါတ်အလိုက် ရောင်းချ နေခြင်း ဖြစ်သည်။
စီနီယာ အလိုက်ဝယ်ယူ ခွင့်ပေးသောကြောင့် မိမိ အလှည့်သို့ရောက်သော်လည်း ၀ယ်ယူလိုသောဆန္ဒ မရှိပါကလည်း မ၀ယ်ယူဘဲ နောက်အလှည့်ကိုစောင့်ဆိုင်း၍ ရကြောင်းသိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com