ဂျပန်နိုင်ငံ၊ တိုကျိုမြို့လယ်မှ ၁၂ ကီလိုမီတာသာ ကွာဝေးသည့်အရပ်တွင် ထရမ့်တာဝါကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ ထရမ့်တာဝါနှင့် ပုံသဏ္ဍာန်ကား မတူညီချေ။
ယခုဖွင့်လှစ်လိုက်သည့် တိုကျိုထရမ့်တာဝါသည် အငှားလူနေခန်းအဆောက်အအုံတစ်ခုဖြစ်ပြီး အိုတာရပ်ကွက်တွင် တည်ရှိသည်။
ကိုင်ကျူ ကာမာတာဘူတာမှ ခြေလျင်ခရီးဖြင့် ၃ မိနစ်ခန့်သာ ကွာဝေးပြီး ဟာနဲဒါးလေဆိပ်အနောက်ဘက် ၄ ကီလိုမီတာအကွာတွင် တည်ရှိသည်။
ယင်းအဆောက်အအုံကို ၂၀၁၄ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လူနေခန်းများ၏ ငှားရမ်းခမှာ တစ်လလျှင် ယန်းငွေ ၈၀၀၀၀ မှ ၉၀၀၀၀ ကြား (ကန်ဒေါ်လာ ၆၈၀ မှ ၇၇၀ ကြား) ဖြစ်သည်။
ယခုအခါတွင် အဆိုပါအဆောက်အအုံသည် အထိမ်းအမှတ်တစ်ခုသဖွယ်ဖြစ်လာပြီး လူပေါင်းများစွာသည် အဆောက်အအုံအဝင်ဝတွင် ရပ်ကာ ဓာတ်ပုံများ ရိုက်ကြလေ့ရှိသည်ဟု ဆိုသည်။
အဆောက်အအုံပိုင်ရှင်မှာ အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်သည်။
ကိုင်ကျူ ကာမာတာဘူတာ အနီးဝန်းကျင်တွင် လူနေခန်းလွတ်များ ငှားရမ်းရန် ပြတ်လတ်သည်ဟု မရှိချေ။
အငှားဈေးကွက်တွင် အမြဲပင် အခန်းပေါင်း ၁၀၀၀ ဝန်းကျင်ရှိနေလေ့ရှိသည်။
သို့ရာတွင် ထရမ့်တာဝါအဆောက်အအုံတွင်ကား အခန်းငှားရန် လက်ကျန်မရှိတော့ချေ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)