အိမ်ပိုင်၊ တိုက်ပိုင် ရှိလျက် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူကြောင်း တွေ့ရှိပါက ပြန်သိမ်းမည့်အပြင် အခန်းတန်ဖိုး၏ ငါးရာခိုင်နှုန်း ပေးလျော်ရမည်

အိမ်ပိုင်၊ တိုက်ပိုင် ရှိလျက် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူကြောင်း တွေ့ရှိပါက ပြန်သိမ်းမည့်အပြင် အခန်းတန်ဖိုး၏ ငါးရာခိုင်နှုန်း ပေးလျော်ရမည် - Property News in Myanmar from iMyanmarHouse.com
16 Jan 2017 10:56 am တွင် တင်ခဲ့သည်
5342 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူထားသူများတွင် အိမ်ပိုင်၊ တိုက်ခန်းပိုင်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဝယ်ယူသည့်အခန်းကို ပြန်သိမ်းမည့်အပြင် အခန်းတန်ဖိုး၏ ငါးရာခိုင်နှုန်းကို ပေးလျော်ရမည်ဟုသိရသည်။ အိမ်ရာ ဖွံ့ ဖြိုးရေးဘဏ်(CHDB)တွင် ဝယ်ယူလိုသည့် တန်ဖိုးနည်းအိမ်ရာ၏ အခန်းတန်ဖိုး ၃ဝ ရာခိုင်နှုန်းပြည့်မီအောင် ငွေစုထားသူများသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှရောင်းချသည့် အိမ်ရာများကို ဝယ်ယူရန် ယင်း ဌာနတွင် လျှောက်ထားရကြောင်း၊ အဆိုပါ လျှောက်လွှာတွင် အိမ်ခန်းပိုင်ဆိုင်မှုမရှိသူ၊ တစ်လမိသားစုဝင်ငွေ သုံးသိန်း၊ ငါးသိန်းစသည့် အိမ်ရာဝယ် ယူခွင့်စည်းကမ်းချက်များပါပြီး ယင်းစည်းကမ်းနှင့် ညီညွတ်သူများကို ဝယ်ယူခွင့်ပြုနေခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။

''ဝယ်ယူခွင့် နာမည်ကြေညာတဲ့ အထဲမှာ ပါတဲ့သူတွေကလည်း အဓိကကတော့ အိမ်ရာဖွံ့ဖြိုးရေးဌာနမှာ သူတို့က အိမ်ရာစည်းကမ်းတွေနဲ့ ပတ်သက်ပြီး ခံဝန်ချက်လာလုပ်ရမယ်။ စည်းကမ်းချက်တွေ လိုက်နာရမယ်။ အဖီ ဆွဲမချရဘူး၊ ဈေးမရောင်းရဘူး။ တိုက်ခန်းရှိလျက်နဲ့ လျှောက်တယ်ဆိုရင် ပြန်အသိမ်းခံရမယ်။ အဲဒီလိုပြန်သိမ်းခံရရင် အခန်းတန်ဖိုးရဲ့ ငါးရာခိုင် နှုန်းကိုနှိမ်လိုက်မယ်။ အဲဒီစည်းကမ်း ချက်တွေလက်မှတ်ထိုးပြီး မှရမယ်''ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာကြောင်း လက်မှတ်ထိုးပြီးမှသာ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အမှန်တကယ် အိမ်ရာပိုင်ဆိုင်ခြင်းရှိ၊ မရှိကိုလည်း သက်ဆိုင်ရာရပ်ကွက် အာဏာပိုင်များမှတစ်ဆင့် စုံစမ်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

တန်ဖိုးနည်းအိမ်ရာ ကနဦးဝယ်ယူခွင့်ရရှိသူများစာရင်းကို မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ ဇန်နဝါရီ ၁ဝ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ၎င်းစာရင်းကို CHDB ဘဏ်နှင့်ဘဏ်ခွဲများတွင် ကြည့် ရှုနိုင်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက်က လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ခန်းမ တွင်လည်းကောင်း အိမ်ရာနှင့်ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းခဲ့သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service