လက်ရှိရောင်းချနေသော ကနောင်ရွေလင်ဗန်းနှင့် ယုဇန တန်ဖိုးနည်း အိမ်ရာစီမံကိန်းတို့တွင် ထပ်မံရောင်းချရန် အခန်း များ ပိုနေသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။
ရွေလင်ဗန်း အိမ်ရာတွင် အခန်းပေါင်း ၂၄၀ရောင်းချရန်စိစဉ်ထားရာ ဘဏ်မှ တဆင့်လျှောက်ထားသူ ၁၀၁ဦးသာရှိသည့်ယုဇန တန်ဖိုးနည်း အိမ်ရာတွင် အခန်းပေါင်း၅၇၁ခန်းရောင်းရန် စီစဉ်ထားရာအခန်း၁၆ခန်းမှာ လျှောက်ထားမည့်သူမရှိသေးကြောင်းသိရသည် ထိုနည်းတူ ကနောင်တန်ဖိုးနည်း အိမ်ရာတွင် အခန်း ၈၀ ရောင်းချရန်စီစဉ်ထားရာ ၁၀ခန်း ပိုနေသေးကြောင်း သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေသုံးဆယ်ရာခိုင်နှုန်းပြည့်သောကြောင့် အကောင့်ဖွင့်လှစ်ထားသူများကို အိမ်ရာ ချေးငွေများထုတ်ပေးပြီး အဆိုပါ အခန်းများကိုရောင်းချပေးနေခြင်းဖြစ်သည်။
ရောင်းချရာတွင် ကုမ္ပဏီဝန်ထမ်း အစိုးရ၀န်ထမ်း သာမန်ပြည်သူ အငြိမ်းစားများဟုဆိုကာ အုပ်စုလိုက်ခွဲခြမ်းရောင်းချပေးနေခြင်းဖြစ်သည်။
အခန်း ၀ယ်ယူရန် လျှောက်ထားသူများက မြေညီထပ်ကိုသာ
ဝယ်ယူရန် အဓိက လျှောက်ထားမှုများပြားပြီးအပေါ်ဆုံးထပ်များကို
လျောက်ထားလိုသူနည်းပါးကြောင်းသိရသည်။
တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့်ရရှိသူများ အနေဖြင့် ဘဏ်သို့ နှစ်ပတ်အတွင်း လာရောက်ဆက်သွယ်နိုင်ရန် ထုတ်ပြန်ထားကြောင်းသိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com