လှိုင်သာယာ ရွှေလင်ဗန်း အိမ်ရာတွင် တရားမ၀င် အဖီဆွဲထားခြင်းတိုးချဲ့ထားခြင်းစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိရသောကြောင့် အရေးယူမည်ဖြစ်ကြောင်း မြို့ပြနှင့်
အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
ရွှေလင်ဗန်း အပိုင်း၁အိမ်ရာမှာ တွေ့တာပါ အရေးယူဖို့လုပ်ဆောင်နေပါတယ် ဟုအဆိုပါဌာနမှ ညွန်ကြားရေးမှူး ဒေါ်မီမီတင်ကဆိုသည်။
တရားမ၀င် အဖီဆွဲတိုးချဲ့တည်ဆောက်ထားခြင်းများကိုတွေ့ရှိရသဖြင့် တိုင်းအစိုးရ အဖွဲ့နှင့် ညှိုနှိုင်းပြီး အရေးယူမည်ဟု ၄င်းကဆိုသည်။
အစိုးရမှ တည်ဆောက်ရောင်းချသည့် အိမ်ရာစီမံကိန်းများတွင် တိုးချဲ့တည်ဆောက်ခြင်း မြေညီထပ်တွင် စီးပွားရေးလုပ်ငန်းများ တည်ဆောက်ခြင်းများ ကို မပြုလုပ်ရဟု သတ်မှတ်ထားသည်။
ထို့ပြင် ၅နှစ် အတွင်း လွဲပြောင်း ရောင်းချခြင်း ဌားရမ်းခြင်းများ မပြုလုပ်ရဟု သတ်မှတ်ထားပြိး ၅နှစ်ပြည့်၍ လွဲပြောင်းရောင်းချလိုပါက မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့သာ ပြန်လည်ရောင်းချရမည်ဟု ထုတ်ပြန်ထားသည်။
ယခု အရေးယူခံရမည့် ရွှေလင်ဗန်း အိမ်ရာစီမံကိန်း အပိုင်း၁မှာပြီးခဲ့သည့် အစိုးရလက်ထပ်က မဲစနစ်ဖြင့် ရောင်းချပေးထားသည့် အခန်းများဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com