တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက် ရောင်းချတာတွေကို အခွန်ကင်းလွတ်ခွင့် ပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးသာဌေးထံက သိရပါတယ်။
တန်ဖိုးနည်း အိမ်ရာတွေ အခွန်ကင်းလွတ်ခွင့်ပေးဖို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်းများ အသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို ဖြေလျော့ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးဦးကျော်ဝင်းက တန်ဖိုးနည်း အိမ်ရာတွေကို အခွန်မကောက်ဖို့ ဆောက်ရွက်ပေးမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
စတုရန်ပေ ၆၀၀ အောက် တိုက်ခန်းတွေကို တန်ဖိုးနည်းအိမ်ရာအဖြစ် သက်မှတ်ပြီး ကျပ်သိန်း ၁၅၀ ဝန်ကျင်ရောင်းချတဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။
လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ပေးဆောင်ရတဲ့ အခွန်တွေက များပြားနေပြီး ကျပ်သိန်း ၁၀၀၀ ခန့်ရှိတဲ့ တိုက်ခန်းတွေအတွက် အခွန်က အခန်းတန်ဖိုးရဲ့ ၃၀ရာခိုင်နှုန်းထိ ပေးဆောင်နေရပါတယ်။
အိမ်ခြံမြေ ဈေးကွက် အရောင်းအဝယ် အေးနေတဲ့ အချိန်မှာ သည်အခွန်ကောက်ခံတာတွေက ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်လို့ ဦးသာဌေးက ရှင်းပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တန်ဖိုးနည်း အိမ်ရာ သန်းနဲ့ ချီပြီး တည်ဆောက်ဖို့ အတွက် ဆောင်ရွက်နေပြီး သည်တန်ဖိုးနည်း အိမ်ရာတွေအတွက် အစိုးရဆီက မြေတောင်းခံထားပြီး ဘဏ်ချေးငွေနဲ့ တည်ဆောက်နိုင်ဖို့ စီစဉ်နေပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေကို တစ်ပေပတ်လည် ကျပ် ၂၃၀၀၀ ခန့်နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးသာဌေးက မြေပေါ်တွေ လမ်းဘေးတွေမှာ နေထိုင်တဲ့ ဘဝတွေကမရှိသင့်တော့ပါဘူးလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
Credit: Kumudra