မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်တွင် အခန်းပေါင်း ၅၆၀ ပါဝင်မည့် တန်ဖိုးမျှတအိမ် ရာကို အရစ်ကျစနစ်ဖြင့် ရောင်းချ မည်ဖြစ်ပြီး လျှောက်လွှာတစ် သောင်းကျော် ရောင်းချထားပြီး ဖြစ်ကာ မဲနှိုက်စနစ်ဖြင့် ရောင်းချ မည်ဖြစ်ကြောင်း မြို့ပြနှင့် အိုး အိမ်ဦးစီးဌာနမှ သတင်းရရှိသည်။
တန်ဖိုးမျှတအိမ်ရာကို နိုင်ငံ့ ၀န်ထမ်း ၈,၀၀၀၊ ၀င်ငွေနည်း (ပြည်သူ) ၁,၆၀၀၊ ကုမ္ပဏီဝန် ထမ်း ၁,၅၇၀၊ အငြိမ်းစား ၂,၂၀၀ တို့အား လျှောက်လွှာရောင်းချ ထားသည်ဟုဆိုသည်။ တန်ဖိုးမျှ တ တိုက်ခန်းဝယ်ယူမည့်သူများ သည် လျှောက်ထားသူ၏ မိသားစု ပျမ်းမျှဝင်ငွေစုစုပေါင်းမှ အနည်း ဆုံး ကျပ်လေးသိန်းမှ ငါးသိန်းအ ထိ ရှိရမည်ဖြစ်ပြီး တိုက်ခန်းကို အရစ်ကျ လေးလဖြင့် အကျေပေး ချေရေးစနစ် (သို့မဟုတ်) ဘဏ် ချေးငွေ စနစ်တို့ဖြင့် ရောင်းချမည် ဖြစ်သည်။
ဘဏ်ချေးငွေဖြင့် ၀ယ်ယူ မည့်သူများသည် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ် ပြီး တိုက်ခန်း၏ ၃၀ ရာခိုင်နှုန်းကို တစ်ကြိမ်တည်းအကျေပေးသွင်း ခြင်း (သို့မဟုတ်) တစ်နှစ်အတွင်း အရစ်ကျပေးသွင်းခြင်းဖြင့် ဦးစွာ ပေးသွင်း၍ တိုက်ခန်း၏ တန်ဖိုး ၇၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေ စနစ်ဖြင့် ရှစ်နှစ်အတွင်း ပေးသွင်း ရမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စုံစမ်းသိ ရသည်။
တန်ဖိုးမျှတအိမ်ရာတွင် ရှစ် ခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၄ လုံး၊ အခန်းပေါင်း ၅၆၀ ရှိပြီး တစ်ခန်းလျှင် အကျယ် ၅၆၇ စတု ရန်းပေရှိကာ အိပ်ခန်းနှစ်ခန်း၊ ရေ ချိုးခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်တို့ ပါဝင်မည်ဖြစ်ကာ မြေညီထပ် ကျပ် ၂၂၃ သိန်း၊ ပထမထပ် ကျပ် ၂၀၈ သိန်း၊ ဒုတိယထပ် ကျပ် ၁၉၃ သိန်း၊ တတိယထပ် ကျပ် ၂၀၈သိန်း၊ စတုတ္ထထပ် ကျပ် ၁၆၃သိန်းတို့ဖြင့် သတ်မှတ်ရောင်း ချမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
Credit:7DayDaily