တံတားစီမံကိန်းနဲ့ လမ်းဖောက်လုပ်မယ့် စီမံကိန်း တွေကြောင့် ကော့မှူးမြိုကနယ်ရဲ့ အိမ်ခြံမြေဈေးကွက်က ပုံမှန်ဈေးနှုန်းထက် နှစ်ဆဝန်းကျင်လောက် မြင့်တက်လာတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ် ။
‘ဈေးနှုန်းတွေကတော့ အရင်က ဆယ်ဂဏန်းဝင်းကျင် အိမ်တွေက အခုလပိုင်းအတွင်းမှာ ရာဂဏန်းလောက်အထိ မြင့်တက်လာတယ် ၊ မြေအမျိုးအစားပေါ်မူတည်ပြီးလဲ ဈေးကွာတယ် ၊ လယ်မြေဆိုဈေးသိပ်မခေါ်ကြပေမဲ့ ဥယျာဉ်ခြံမြေတွေဆိုရင် ဈေးက ပိုကောင်းနေတယ်’လို့ ကော့မှူးမြို့နယ်အတွင်းက အိမ်ခြံမြေအကျိုးဆောင်ကိုနိုင်မင်းက ပြောပါတယ် ။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တဲ့ ဒလတံတားစီမံကိန်းက လက်ရှိအစိုးရ လက်ထက်မှာ နောက်တစ်ကြိမ်အကောင်အထည်ဖော်ဖို့ မြေတိုင်းတာရေး လုပ်ငန်းတွေနဲ့ အနီးအနားမြေနေရာတွေ ဖယ်ရှားတာတွေ လုပ်ဆောင်ထားပြီး ဖြစ်နေပါတယ် ။ အိမ်ခြံမြေ ဈေးကောင်းချိန်က အဓိက ဈေးကစားမှု မြေနေရာကြီးဖြစ်ခဲ့တဲ့ ဒလမြေဈေးကတော့ လက်ရှိမှာ ဈေးကြီးမိထားတဲ့ မြေပိုင်ရှင်တွေ အတွက်တော့ မြေဈေးကစားဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေပါ ။
အခုနောက်ပိုင်းမှာတော့ ဒလမြို့နယ်နဲ့ ဆက်စပ်နေရာ တစ်ခုဖြစ်တဲ့ ကော့မှူးဘက်က မြေနေရာတွေကို လူစိတ်ဝင်စားမှုများလာတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ကော့မှူးဘက် မြေဈေးနှုန်းတွေက တစ်ဧကကို သိန်း ၅၀ ဝန်းကျင်လောက်ကနေ သိန်း ၁၀၀ လောက်အထိ ဈေးတွေ မြင့်တက်နေပြီး လမ်းဖောက်လုပ်မယ့် လမ်းမတန်းက မြေနေရာတွေကို လူစိတ်ဝင်စားမှု များနေတာ ဖြစ်ပါတယ် ။
ကော့မှူးမြို့နယ်အတွင်းက မြေနေရာတွေကတော့ အားလုံးလိုလိုက စလစ်မြေတွေ များပြီး ဥယျာဉ်ခြံမြေနဲ့ လယ်မြေပုံစံနှစ်မျိုး ရှိနေပါတယ် ။ လယ်မြေနဲ့ ပတ်သက်ပြီး လက်ရှိမှာ တရားဝင် လူနေမြေအဖြစ် သတ်မှတ်လို့ မရသေးပေမဲ့လည်း အရောင်းအဝယ်ပြုလုပ်တာတွေ ရှိနေဆဲ ဖြစ်ပါတယ် ။
ကော့မှူးလမ်းပိုင်း စီမံကိန်းကိုတော့ လာမယ့် နှစ်ဆန်းအတွင်းမှာ စတင်အကောင်အထည်ဖော်ဖောက်လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ကော့မှူးမြို့နယ်အတွင်းက ကျေးရွာမြေနေရာတွေရော လမ်းမကြီးဘေးက မြေနေရာတွေမှာပါ အားလုံးလိုလို ဈေးတွေအရင်ထက် နှစ်ဆလောက်
မြင့်တက်နေပြီ ဖြစ်ပါတယ် ။
Credit: The Modern