ဝယ်လက်များက စောင့်ကြည့်မူဝါဒလက်ကိုင်ထားခဲ့ကြပြီး ပျမ်းမျှဈေးနှုန်းက စံချိန်ချိုးဆဲ
ဖြစ်ခဲ့သော်လည်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ အိမ်သစ်ဈေးကွက်သည် ပြီးခဲ့သည့်
နိုဝင်ဘာတွင် သုံးလဆက်တိုက် ကျဆင်းခဲ့သည်။
အစိုးရမတည်သည့် တန်ဖိုးနည်းအိမ်ရာများမှအပ နိုဝင်ဘာတွင် ရောင်းချရသည့် အိမ်သစ်ဧရိယာသည်
၆၀၃,၀၀၀ စတုရန်းမီတာ ရှိခဲ့ပြီး အောက်တိုဘာအောက် ၃၀
ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ
Shanghai Centaline Property Consultants Co က နိုဝင်ဘာလ ၃၀ ရက်တွင်
ထုတ်ပြန်ခဲ့သည်။
"မြေယာရောင်းလိုအားတိုးမြှင့်မှုနဲ့ အိမ်ဝယ်ယူမှုငွေလုံးငွေရင်းတွေကို ကြီးကြပ်မှုတိုးမြှင့်
မှုအပါအ၀င် အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းတင်းကျပ်မှုတွေက ၀ယ်
လက်တွေရဲ့ အိမ်ဝယ်ယူဖို့ သဘောထားကို ထိခိုက်စေနေတုန်းပါပဲ" ဟု Centaline ၏
အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။ "အခုနောက်ဆုံးထုတ်
ပြန်လိုက်တဲ့ အိမ်ဝယ်ယူမှုချေးငွေမူဝါဒတင်းကျပ်မှုတွေကြောင့်လည်း ဈေးကွက်က ဆက်
ပြီးတော့ ထပ်ပြီးတော့ကို အေးဦးမှာပါ" ဟုလည်း သူက ပြောကြားခဲ့သည်။
ပျမ်းမျှဈေးနှုန်းအားဖြင့် ၁ စတုရန်းမီတာလျှင် ယွမ် ၄၆,၄၂၃ (အမေရိကန်ဒေါ်လာ ၆,၇၁၃)
ဖြင့် ရောင်းချခဲ့ရပြီး အောက်တိုဘာထက် ၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
နိုဝင်ဘာလ ၂၈ ရက်ညက ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် ကြိုး
ပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့်
အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ကြေညာခဲ့သည်။ ယခင်
သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။
ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်
အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်
ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှု
အတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်
မှတ်လိုက်သည်။
ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်
သေးသော်လည်း ထိုဘဏ်များ၊ အဖွဲ့အစည်းများထံမှ အိမ်ချေးငွေလျှောက်ထားသူဖူး
သူများအား ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်သည်။ ယင်းစည်းမျဉ်း
များသည် နိုဝင်ဘာ ၂၉ ရက်မှစတင်အာဏာသက်ရောက်ပြီဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com