ရှန်ဟိုင်းတွင် အိမ်ခြံမြေ developer များ၏ ရောင်းလိုအား နှင့် အိမ်ဝယ်လက်များ၏ ဝယ်လိုအားတို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆယ်ဂဏန်း မြင့်တက်ခဲ့သည်။ ပျမ်းမျှ အိမ်ဈေးနှုန်းကမူ တည်ဆောက်မှုဆိုင်ရာ အပြောင်းအလဲများကြောင့် အနည်းငယ်ကျဆင်းခဲ့သည်။
အစိုးရမတည်သည့် အိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည် စက်တင်ဘာလ ၂၅ ရက်တွင် ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ၄၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စတုရန်း
မီတာ ၂၆၇,၃၀၀ ရှိခဲ့သည်ဟု Shanghai Centaline အိမ်ခြံမြေကုမ္ပဏီက စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် သြဂုတ်လလယ်နောက်ပိုင်း သီတင်းပတ် ၆ ပတ်ဆက်တိုက် မြင့်တက်ခြင်းဖြစ်သည်။
အိမ်သစ်များကို ပျမ်းမျှ ၁ စတုရန်းမီတာလျှင် ၄၅,၈၁၅ ယွမ် (၆,၈၇၀ အမေရိကန်ဒေါ်လာ) နှုန်းဖြင့် ရောင်းချခဲ့ရသည်။ ထိုရောင်းဈေးသည် ၁ စတုရန်းမီတာလျှင် ယွမ် ၄၀,၀၀၀ အထက် သီတင်းပတ် ၆ ပတ်ဆက်တိုက် ရောက်ရှိမှုလည်းဖြစ်သည်။ သိုသော်လည်း တည်ဆောက်မှုဆိုင်ရာ အပြောင်းအလဲများကြောင့် ယင်းမတိုင်မီ သီတင်းပတ်အောက် ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ရေပန်းအစားခဲ့ဆုံး စီမံကိန်း ၁၀ ခုတွင် ၄ ခုက ၁ စတုရန်းမီတာလျှင် ယွမ် ၇၀,၀၀၀ အထက်ရှိခဲ့ပြီး ဈေးအသက်သာဆုံးက ၁ စတုရန်းမီတာလျှင် ယွမ် ၂၈,၉၉၉ ရှိခဲ့သည်။
ရှန်ဟိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်ရာသစ်စီမံကိန်း ၄ ခုဖြစ်သော အိမ်သစ်ရောင်းလိုအားသည် စတုရန်းမီတာ ၉၈,၀၀၀ စတုရန်းမီတာခန့် ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ကထက် ၂၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းရောင်းလိုအား အိမ်ရာစီမံကိန်းများအနက် ၃ ခုက ဒုတိယအကြိမ် တတိယအကြိမ် အိမ်ဝယ်သူများကို ပစ်မှတ်ထားခဲ့ပြီး ကျန် ၁ ခုက ပထမအကြိမ်ဝယ်သူသူများကို ပစ်မှတ်ထားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)