ရန်ကုန်ဆူးလေစကွဲ(လ်) စီမံကိန်းသည် အဆောက်အအုံ မူလဒီဇိုင်း ကို ကျော်လွန်တည်ဆောက်၍ ဒဏ်ကြေး ပေးဆောင်ရမှူ၂ဘီလီယံကျော်သည်ရန်ကုန်မြို့တွင် ပထမဆုံးဖြစ် ကြောင်း သတင်းရရှိသည်။
ဆူးလေစကွဲ (Sule Square) အထပ်မြင့် အဆောက် အအုံစီမံကိန်းသည် မူလ အ ဆောက်အအုံဒီဇိုင်းကို ပြင်ဆင် ဆောက်လုပ်မှုကြောင့် ဒဏ်ကြေး ကျပ် နှစ်ဘီလီယံကျော်ပေးဆောင် ရန် ဌာနမှ ခေါ်ယူဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၃ ထပ် မြင့်သော ဆူးလေရှန်ဂရီလာ ဟိုတယ် နှင့်ကပ်လျက်တည်ဆောက်သော အဆိုပါစီမံကိန်းသည် အစိုးရသစ် လက်ထက်တွင် ပထမဆုံးအရေးယူသည့် ဆောက် လုပ်ရေးလုပ်ငန်းဖြစ်ကာ မူလခွင့် ပြုထားသည့်စီမံကိန်းထက် အ ထပ်ပိုဆောက်ခဲ့၍ ယခုကဲ့သို့ ပြစ် ဒဏ်ပေးခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်သည်။
ယခုကဲ့သို့ ဒဏ်ကြေးဆောင် ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ က စစ်ဆေးသတိပေးမှုပြုလုပ်ခဲ့ ပြီး ခေါ်ယူညှိနှိုင်းမှုအချို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆူးလေစကွဲ စီမံကိန်းသည်၎င်း၏ အခန်းများအား ဌား၇မ်း ရန် စတင် ကြော်ငြာ ထားမှုများလဲ ပြုလုပ်နေပြီဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com