ရှန်ဟိုင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဈေးကွက်၌ အရောင်းအဝယ်တွင် ဆယ်ဂဏန်းမြင့်တက်မှုသည် ယခုနှစ်အတွင်း ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ ဤတွင် နိုင်ငံခြားသားဝယ်လက်များထက် ပြည်တွင်းဝယ်လက်များ၏ ဝယ်ယူမှုက ပိုမိုများပြားမည်ဟု ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း DTZ/Cushman & Wakefield က စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြေယာအရောင်းအဝယ်များနှင့် ၁ ခုလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ကျော် တန်ဖိုးရှိ အိမ်ခန်း၊ ရုံးခန်း၊ အဆောက်အအုံများမှအပ ၂၀၁၆ ခုနှစ်အတွင်း အိမ်ခန်း၊ ရုံးခန်း၊ အဆောက်အအုံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်များသည် အမေရိကန်ဒေါ်လာ ဘီလျံ ၇၀ ရှိလာနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် ၅၈ ဘီလျံရှိခဲ့ရာမှ ၂၀ ရာခိုင်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း DTZ က ခန့်မှန်းခဲ့သည်။ ထိုဘီလျံ ၇၀ အနက် ၆၀ ရာခိုင်နှုန်းမှာ ရုံးခန်းအဆောက်အအုံများ၏အရောင်းအဝယ်များ ဖြစ်မည်ဟုလည်း ခန့်မှန်းခဲ့သည်။
"ငွေကြေးမူဝါဒပြေလျော့လာတာ၊ အတိုးနှုန်းနည်းလာတာတွေအပါအဝင် အကြီးစားစီးပွားရေးဆိုင်ရာ အချက်တွေက ရှန်ဟိုင်းဈေးကွက်မှာ အရောင်းအဝယ်အဟုန်ကို မြင့်တက်စေပါတယ်" ဟု DTZ China ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံဉာဏ်ဝန်ဆောင်မှုရေးရာ စီမံခန့် ခွဲမှုဒါရိုက်တာ ဂျင်ယစ်က ပြောကြားခဲ့သည်။
ယခုနှစ် ပထမ ၆ လအတွင်း ရှန်ဟိုင်း၌ အိမ်ခန်း၊ ရုံးခန်း၊ အဆောက်အအုံအရောင်းအဝယ် အမေရိကန်ဒေါ်လာ ၁၈ ဘီလျံရှိခဲ့သည်။ ထို့အနက် ၇၆ ရာခိုင်နှုန်းကို ပြည်တွင်းဝယ်လက်များက ဝယ်ယူခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)