ရန်ကုန် အိမ် ခြံ မြေ ဈေးကွက်ရဲ့ တစ်လတာ ရောင်းဝယ်ငှားဈေးကွက်ကို ခြုံ ကြည့်ရရင် အရင်လတွေထက် အတန်ငယ်ပြန်လည်ဦးမော့လာတာတွေ့ရပါတယ်။ဒီတစ်လ မှာလည်းအရင်လတွေက သုံးသပ်သလို တစ်လတာအတွင်း ရန်ကုန်ရဲ့ မြို့နယ် အများစု ရောင်းဝယ်ငှား အနေအထားတွေကို တွေ့ရှိရသမျှ ပြန်လည်တင်ပြပေးမှာပါ။
အိမ် ခြံ မြေ ဈေးကွက်အေးစက်မှုဟာ ၂၀၁၅ နှစ်ဦးက စခဲ့ပေမယ့် ကနေ့အထိပြန်လည် ထောင်မတ်ဦးမော့လာခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ဒီတစ်လ မှာလည်း အိမ် ခြံ မြေ အရောင်းအဝယ်ဖြစ်တဲ့နေရာတွေရှားပါးခဲ့ပါတယ်။ဈေးကွက်မှာတော့ အလုပ်မဖြစ်သလောက် ဖြစ်ခဲ့တဲ့အနေအထားပါ။အဓိက အရောင်းအဝယ်ဖြစ်နေတာကတော့ ဒဂုံမြောက်ပိုင်း တောင်ပိုင်းတွေသာ ဖြစ်နေတယ်လို့ အကျိုးဆောင်တွေက ပြန်လည်ပြောပြပါတယ်။
မြို့နယ်တွေရဲ့ အိမ် ခြံ မြေ အကွက်တွေထက်စာရင် လတ်တလောမှာ ဒဂုံတောင်စက်မှုဇုန်နဲ့ အသုံးပြုဖို့အဆင်သင့်ဖြစ်နေတဲ့ ဇုန်မြေတွေအနည်းငယ် အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။မြို့နယ် တစ်ခုချင်းစီနဲ့ အရောင်းအဝယ် အငှား ဖြစ်တဲ့နေရာတွေကို သုံးသပ် ဖော်ပြပေးလိုက်ပါတယ်။
ကျောက်တံတားနှင့် မြို့တွင်း ခြောက်မြို့နယ်""အရောင်းအဝယ်ဖြစ်တယ်ဆိုတာတထက် အငှားအားသန်နေတဲ့ မြို့နယ်တွေပဲဖြစ်ခဲပါတယ်။တိုက်ခန်းအရောင်းနဲ့ အငှား မှာ အငှားအားက သိသိသာသာကောင်းခဲ့ပါတယ်။အငှားခ ဈေးနှုန်းတွေကတော့ နေရာအနေအထားနဲ့ အထပ်အနိမ့်အမြင့်တွေအပေါ်မှာ မူတည်ပြီး ဈေးနှုန်းကွာခြားပေမယ့် အရောင်းအဝယ်ထက် အငှားအားသိသိသာသာ ကောင်းမွန်ခဲ့ပါတယ်။မြေနေရာ အနေအထားအရလည်း မြေနေရာ ရှားပါးတဲ မြို့နယ်တွေဖြစ်တာကြောင့် ထူးထူးခြားခြားဖြစ်တဲ့ အရောင်းအဝယ်မရှိခဲ့ကြောင်း စုံစမ်းသိရပါတယ်။
ပုဇွန်တောင်မြို့နယ်ကျောက်တံတား လသာ ပန်းဘဲတန်းစတဲ့ နေရာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြေနေရာ အနည်းငယ်ကျန်ရှိနေသေးတာကြောင့် မြေကွက်အရောင်းအဝယ်ပြုနိုင်သော်လည်း ဈေးကွက်ပါးမှုကို ကြုံတွေ့နေရဆဲပဲဖြစ်တယ်လို့ အကျိုးဆောင်တွေကဆိုပါတယ်။အငှားဈေးကွက်မှာတော့ ပုံမှန်အနေအထားနဲ့သာ ဆက်လက် သွားနေတယ်လို့သိရပါတယ်။ဒဂုံ ဆိပ်ကမ်းမြို့နယ်ဒီမြို့နယ်မှာ ၂၀၁၆နှစ်ဆန်းပိုင်းအထိ အရောင်းအဝယ် အခြေအနေကောင်းခဲ့ပေမယ် နှစ်လယ်က စကာ ဈေးကွက်အေးခဲ့ပါတယ်။ လက်ရှိကာလမှာ ဈေးနှုန်းအနည်ငယ်ကျဆင်းလာမှုများရှိ တာကြောင့် င့်ပြန်လည်ရောင်းချလိုသူများပြားလာသော်လည်း ဝယ်ယူရင်းနှီးမြုပ်နှံလိုသူနည်းပါးနေဆဲဖြစ်တယ်လို့သိရပါတယ်။အငှားဈေးကွက်ကတော့ တန်ဖိုးနည်း မြို့နယ်ဖြစ်တာနဲ့အညီအခြေခံ လူတန်းစားအများစုလာရောက်ငှားရမ်းနေထိုင်ကြတယ်လို့သိရပါတယ်။
သန်လျင်
သန်လျင်မြို့နယ်ကတော့ လတ်တလောမှာ ထွက်ပေါ်နေတဲ တံတားသတင်းတွေကြောင့် ဈေးနှုန်း အနည်းငယ်ငြိမ်သက်နေခဲ့ပါတယ်။ဒါပေမယ့် လာရောက်ရင်းနှီးမြုပ်နှံသူတွေ မရှိသလောက်နည်းပါးတာကြောင့် အရောင်းဝယ်သိပ်မဖြစ်ကြောင်းစုံစမ်းသိရပါတယ်။အငှားဈေးကွက်ကတော့ သီလဝါ ဇုန်မြေ ဧကကွက်တွေ အငှားဖြစ်တယ်လို့သိရပါတယ်။
ဇုန်မြေ
တောင်ဒဂုံ စက်မှုဇုန် ၊ အရှေ့ဒဂုံ စက်မှုဇုန် ၊ ရွှေလင်ဗန်း နဲ့ သုံးဖို့အဆင်သင့်ဖြစ်နေတဲ့ ဇုန်တွေဟာ အရောင်းအဝယ်ဖြစ်နေပါတယ်။ လတ်တလော လည်ပတ်ရန်အဆင်သင့်ဖြစ်နေတဲ့ တောင်ဒဂုံ စက်မှုဇုန် ၊ လှိုင်သာယ မြို့နယ်က ရွှေလင်ဗန်းစက်မှုဇုန် တွေရဲ့ ဈေးနှုန်းဟာ တစ် ဧကကို သိန်း ၃၀၀၀ ၊ ၅၀၀၀ ၊ ၇၀၀၀ နှင့် ၈၀၀၀ အကြားရှိနေကြောင်သိရပါတယ်။ဒါ့အပြင် လက်ရှိကာလမှာ ဈေးကွက်အနေအထားအရ စက်မှုဇုန်မြေတွေဟာ အရောင်း အဝယ် အငှား ဈေးကွက်မျှနေတယ်လို့ ရန်ကုန်အခြေစိုက် အကျိုးဆောင်တွေဆီက ကြားသိရပါတယ်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com