ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားထဲက ဟာမီယွန်ဂရင်ဂျာရဲ့ ငယ်စဉ်ဘဝ နေအိမ်အဖြစ် ရိုက်ကူးခဲ့တဲ့ လန်ဒန်က အိမ်တစ်လုံးကို ပေါင် (၂.၄) သန်းနဲ့ ရောင်းချတော့မှာ ဖြစ်ပါတယ်။
ဟယ်ရီပေါ်တာ ပရိသတ် တစ်ယောက်အတွက်တော့ ဒါက မက်လောက်စရာ အခွင့်အရေးပဲ ဖြစ်ပြီး အိမ်ထဲမှာ ထိုင်နေရင်း ဟာမီယွန်ရဲ့ အငွေ့အသက်တွေကို ခံစားရမယ့် အခြေအနေပါ။
စကွဲယားမီတာ ၂၃၀ လောက် ကျယ်ဝန်းတဲ့ နေအိမ်ဟာ အိပ်ခန်း (၆) ခန်း ပါဝင်ပြီး ဥယျာဉ်ငယ်လေး တစ်ခုလည်း ပါဝင် ပါသေးတယ်။
ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေအတွက် အသုံးပြု ရိုက်ကူးခဲ့တဲ့ နေအိမ်တွေက အခုဆိုရင် ဈေးကွက် ဝင်နေကြပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်းကပဲ ဟယ်ရီပေါ်တာ ငယ်စဉ်ဘဝက နေထိုင်ခဲ့တဲ့ နေအိမ်ကို ပေါင် ၆ သိန်းကျော်နဲ့ အိမ်ခြံမြေ ဈေးကွက်မှာ ရောင်းချနေတာ တွေ့ရှိခဲ့ရပါသေးတယ်။
Credit: The Voice