သက်တမ်းကြာမြင့်နေပြီဖြစ်သော လမ်းမတော်မြို့နယ်မှ လမ်းသစ်အိမ်ရာစီမံကိန်းအားအထပ်မြင့်စီမံကိန်း
အဖြစ် အသစ်ပြန်လည်တည်ဆောက်ရန်လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်ကိုတင်ဒါစနစ်ဖြင့် ခေါ်ယူ ရွေးချယ်
သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမသတင်းရရှိသည်။
အဆိုပါ လမ်းသစ်အိမ်ရာကို ပြီးခဲ့သည့် အစိုးရလက်ထပ်ထဲက တည်ဆောက်ရန် မူလနေထိုင်သူများနှင့် ညှိုနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ဘဲ ယခုအစိုးရသစ်လက်ထပ်သို့ရောက်မှ
သာညှိုနှိုင်းမှု အဆင်ပြေခဲ့ခြင်းဖြစ်သည်။
လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် မော်တင်လမ်းထောင့်ရှိလမ်းသစ် အိမ်ရာမှာမြေ ၄ဧက ကျော်ကျယ်ဝန်းပြီး တိုက်၁၁လုံးပါရှိပြီး မူလနေထိုင်သူများကိုပြန်လည် နေရာ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တည်ဆောက်နေစဉ် အိမ်ပြောင်းရွှေ့စရိတ်များကိုလည်း ထောက်ပံ့ပေးသွား
မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထပ်မံပြီး ရန်ကုန်မှအိမ်ရာ အဟောင်းများတွင်လည်း ယခုကဲ့သို့ အထပ်မြင့်စီမံကိန်းများတည်ဆောက်ရန် လျာထားပြီး မူလနေထိုင်သူများနှင့်
ညှို နှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ကလည်း လမ်း၅၀အိမ်ရာကို အဆင့်မြှင့်တင် တည်ဆောက်ခဲ့ပြီး မူလနေထိုင်သူများကို ပြန်လည်နေရာချထားပေးခဲ့ပြီဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com