ပြင်ဦးလွင်မြို့နယ်တွင် နှစ်ရှည်သီးနှံစိုက်ပျိုးရန် ၀န်ကြီး ဌာနက သစ်တောမြေများ ငှားရမ်း ရယူပြီး အကွက်ရိုက်ရောင်းချနေ ခြင်းနှင့် လက်လွှဲရောင်းချနေခြင်း ကို ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းကြောင်းအဆိုကို မန္တ လေးတိုင်းဒေသကြီး လွှတ်တော် က အတည်ပြုခဲ့သည်။
စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသ ကြီး လွှတ်တော်တတိယပုံမှန်အ စည်းအဝေးတွင် ပြင်ဦးလွင်မြို့ နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးအောင်မင်းက သစ် တောဦးစီးဌာနက သစ်တောမြေ များကို ကော်ဖီ၊ ပိုးစာနှင့် နှစ်ရှည် ပင်စိုက်ခင်းများ ဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့်ပုဂ္ဂလိကသို့ ဧကများစွာချထားပေးပြီး ဥပဒေ မဲ့ အကွက်ရိုက်ရောင်းချခြင်း၊ လွှဲ ပြောင်းရောင်းချခြင်းများကို ထိ ရောက်စွာ အရေးယူဆောင်ရွက် ရန် တိုက်တွန်းကြောင်း အဆိုတင် သွင်းခဲ့ခြင်းဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်တွင် သစ် တောမြေဧက ၅၀,၀၀၀ ကျော်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက နှစ် ရှည်သီးနှံများ စိုက်ပျိုးရန်ဆိုကာ သစ်တောဌာနက ငှားရမ်းထား ကြောင်း၊ သို့သော် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ မြေ ယာများ အကွက်ရိုက်ရောင်းချ ခြင်း၊ လက်လွှဲရောင်းချခြင်းများ ပြုလုပ်နေပြီး ဓားမဦးချလုပ်ကိုင် လာသည့် ဒေသခံတောင်သူ လယ်သမားများ သစ်တောမြေ များအတွင်း သီးနှံဝင်ရောက်စိုက် ပျိုးလုပ်ကိုင်ရာတွင် ဖမ်းဆီး တရားစွဲဆိုခြင်းများ ပြုလုပ်နေ သည်ဟု လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းကပြောသည်။
ဦးအောင်မင်း၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်လေးဦး က ထောက်ခံဆွေးနွေးပြီး မန္တ လေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က အဆိုကို ကန့်ကွက်ရန်မရှိ ကြောင်း လွှတ်တော်သို့ပြောကြား သည်။
‘‘သစ်တောမြေအတွင်းစိုက် ခင်းများတွင် ဥပဒေမဲ့အကွက်ရိုက် ရောင်းချခဲ့မှု၊ ထိုတရားမ၀င် ကျူး ကျော်များကို တည်ဆဲသစ်တော ဥပဒေများနှင့်အညီ ဆောင်ရွက် နေပါကြောင်း၊ မသမာစွာ ဆောင် ရွက်မှုများတင်ပြလာပါကလည်း ဥပဒေအရ ထိရောက်စွာ ဆောင် ရွက်မည်ဖြစ်ပြီး အဆိုကိုကန့် ကွက်ရန်မရှိကြောင်း’’ဟု ၀န်ကြီး ဦးမျိုးသစ်ကပြောသည်
ပြင်ဦးလွင်မြို့နယ်တွင် မြေ ဧရိယာအကျယ်အ၀န်း ၄၈၈,၇၉၄ ဧကရှိ ပြီး သစ်တောနယ်မြေ ၁၈ ခု၊ သစ်တောမြေစုစုပေါင်း ၂၃၀,၅၀၇ ဧကရှိကာ မြို့နယ်မြေ ဧရိယာ ၄၇ ရာခိုင်နှုန်းကျော်သည် သစ်တောမြေဖြစ်သည်ဟု ဆို သည်။
သစ်တောမြေများတွင် သစ် မာ၊ ကော်ဖီ၊ အစုအဖွဲ့ပိုင်စိုက် ခင်း၊ စိုက်ပျိုးရေးလုပ်ကိုင်ရန် ပုဂ္ဂ လိကသို့ ခွင့်ပြုထားသော မြေဧက ၅၀,၀၀၀ ကျော်ရှိပြီး စည်းကမ်း သတ်မှတ်ချက်များအတိုင်း အမှန် တကယ် သီးနှံစိုက်ပျိုးခြင်းမရှိ၍ ငှားရမ်းခွင့်ပြုမိန့် ပြန်လည်ပယ် ဖျက်ရသည့်ဖြစ်စဉ်များ ရှိခဲ့သည် ဟု ဦးမျိုးသစ်ကဆိုသည်။
Credit: 7DayDaily