အဆင့်မြင့်အိမ်ရာနှစ်ရှည်အရစ်ကျအရောင်းနဲ့လျှော့ဈေးအရောင်းတွေကိုဝယ်ယူသူတွေကိုပိုမိုစိတ်ဝင်စားလာအောင်အကန့်အသတ်နဲ့ရောင်းချတာတွေဈေးကွက်ထဲမှာရှိနေတယ်လို့သိရပါတယ် ။
‘အရောင်းပွဲတော်တွေနဲ့ရောင်းတဲ့အဆင့်မြင့်အိမ်ရာကိုအရင်ကအကန့်အသတ်မရှိရောင်းပေမဲ့နောက်ပိုင်းကျတော့လျှော့ဈေးများများအရစ်ကျနှစ်များများနဲ့အခန်းတွေကိုကန့်သတ်ချက်နဲ့ရောင်းကြတယ် ‘လို့သုခအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုနန္ဒကပြောပါတယ် ။
အရောင်းဖွင့်လှစ်ရောင်းချတဲ့အခန်းအရေအတွက်ကတော့ဆယ်ဂဏန်းဝန်းကျင်လောက်သာရှိပြီးထပ်မံဝယ်လိုသူတွေကိုတော့ပြန်လည်ချိတ်ဆက်ရောင်းချပေးထားတာဖြစ်ပါတယ် ။
‘အရောင်းပြပွဲမှာကသတ်မှတ်ထားတဲ့လျှော့ဈေးနဲ့ရောင်းတဲ့အခန်းတွေကုန်သွားလို့ထပ်လိုချင်ရင်ဝယ်ယူချင်သူကိုဖုန်းနဲ့ပြန်လည်ဆက်သွယ်ပြီးရောင်းပေးတယ်၊လျှော့ဈေးကတော့အခန်းပေါ်မူတည်ပြီးသတ်မှတ်ပေးတယ်‘လို့ဧရာချမ်းသာအိမ်ရာစီမံကိန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ် ။
အခန်းတွေကိုတော့ကမ္ဘောဇဘဏ်နဲ့ချိတ်ဆက်ရောင်းချတာဖြစ်ပြီးအရစ်ကျချေးငွေတွေကိုတော့ဝယ်ယူသူနဲ့ဘဏ်ချိတ်ဆက်ဝယ်ယူနိုင်တာဖြစ်ပါတယ် ။
အခန်းအမျိုးအစားတွေကတော့ဝယ်ယူသူစိတ်ကြိုက်ပြန်လည်ဖွဲ့ပေးတာတွေရှိသလိုအခန်းအမျိုးအစားအလိုက်လည်းရွေးချယ်ဝယ်ယူနိုင်ပါတယ် ။
Credit: The Modern