ပြည်တွင်းရွှေဈေးဟာအကျနှေးပြီး ဈေးကွက်အေး၊ပစ္စည်းရှားနေတယ်လို့ သိရပါတယ်။
‘အဝယ်များတယ်၊ပစ္စည်းရှားတယ်၊ကမ္ဘာ့ဈေးကလဲမကျ၊
ငွေဈေးကလဲ တောက်လျှောက်ကို လှည့်မကြည့်တမ်း တက်လာတယ်’လို့ ရွှေတုံးဈေးကွက်ကျွမ်းကျင် ရွှေကုန်သည် ကိုအောင်ဆန်းက ပြောပါတယ်။
ပြည်တွင်းငွေဈေးနှုန်းဟာ အကျနှေးပြီး အတက်ဘက်မှာသာ ဆက်လက်ရှိနေပါတယ်။ရွှေဈေးအတက်များပြီးအကျနှေးနေတာကြောင့် အဝယ်သာရှိပြီး အရောင်းနည်းနေတယ်လို့ သိရပါတယ်။ဒါကြောင့် ဈေးကွက်အတွင်းပစ္စည်းရှားနေပါ
တယ်။ပြည်တွင်းရွှေဈေးနှုန်း ပြောင်းလဲမှုတွေဟာကမ္ဘာ့ရွှေဈေးကျပေမဲ့လည်း ပြည်တွင်းငွေလဲနှုန်းဆက်လက်မြင့်တက်
နေတာကြောင့် ရွှေဈေးနှုန်းဟာထင်သလောက်ကျဆင်းခြင်း မရှိဘူးလို့ သိရပါတယ်။
လက်ရှိရွှေဈေးနှုန်းဟာကျပ်၈၇၀,၀၀၀ ကျော်ကို ရောက်ရှိ
နေပြီးအမြင့်ဆုံးစံချိန်တင် ဈေးနှုန်းကို ဖြစ်ပေါ်စေပါတယ်။
ရွှေဈေးအတက်ကိုထပ်မှန်းနေတာကြောင့် ရွှေတွေအဝယ်များနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းရွှေဈေး အကျနှေးရခြင်းက ပြည်တွင်းကုန်သည်တွေအပေါ်မှာလည်း သက်ဆိုင်မှုရှိနေတယ်လို့လည်း ဆိုပါတယ်။
ရွှေကုန်သည်တစ်ဦးက ‘ရွှေဈေးကို ကျစေချင်တဲ့ သူတွေ ရှိသလိုမကျစေချင်တဲ့သူတွေလဲရှိတယ်၊အဲဒီတော့မကျစေချင်တဲ့ သူတွေက ငွေလဲနှုန်းဈေး ကမောက်ကမဖြစ်အောင် လုပ်နေတာတွေ ရှိတယ်’ လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်ဒေါ်လာ ၁၃၁၅ကနေ၁၃၂၀အထိ ဈေးမြင့်တက်လာပါတယ်။ပြည်
တွင်းပေါက်ဈေးကတော့ ကျပ် ၈၇၀,၀၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။
Credit: The Modern