ရန်ကုန်အရောင်းအ၀ယ်ရပ်တန့်လု နီးပါးဖြစ်ခဲ့သော ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သည် အေ၇ာင်း အ၀ယ် အနည်းငယ်ပြန်ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှသတင်းရရှိသည်။
အရောင်းအ၀ယ်ကောင်းလာခြင်းမှာသြဂုတ်လမှစတင်ကာ နေရာဒေသအလိုက် မူလခေါ် ဈေး ထက်ဝက်ခန့်လျော့ နည်းသည့်ဈေးဖြင့် အရောင်းအ ၀ယ်ဖြစ်ပေါ်နေသည်ဟု အကျိုးဆောင်များကဆိုသည်။
ရွှေဈေးမြင့်တက်ခြင်း၊ အစိုး ရက ဘတ်ဂျက်ငွေကြေးအချို့ကို စီမံကိန်းများအတွက် ချထားပေး ခြင်းစသည်တို့ကြောင့် ဈေးကွက် အတွင်း ငွေကြေးဝင်ရောက်လာ သဖြင့် အရောင်းအ၀ယ်အနည်း ငယ်ပြန်ဖြစ်လာခြင်းဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် မန်နေဂျင်းဒါရိုက်တာဦးသန်းဦးက ပြောသည်။
‘‘အရောင်းအ၀ယ် ပြန်ဖြစ် လာပေမယ့် ဈေးကတော့ အရင် ခေါ်ဈေးမရဘူး။ တစ်ဝက်လောက် ကို လျှော့ရောင်းနေရတယ်’’ ဟု ဦးသန်းဦးက ပြောသည်။
အများစုက ကြိုပွိုင့်စနစ်ဖြင့် ကန်ထရိုက်တိုက်များအား ၀ယ်ယူထားပြီး ပြန်လည်ရောင်းချလိုသူများက ဈေးလျှော့ရောင်းချနေသဖြင့် အရောင်းအ၀ယ် ဖြစ်နေခြင်းဖြစ်သည်။
သိန်း ၂၅၀မှ ၃၀၀ အကြား ကန်ထရိုက်တိုက်ခန်းများမှာ မူလပေါက်ဈေးထက် လျှော့ချ ရောင်း ချနေခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့ကဆိုသည်။
တန်ဖိုးကြီး လုံးချင်း အိမ်ခြံမြေ ဈေးကွက်တွင်မူ ထင်သလောက် အရောင်း အ၀ယ် မဖြစ်ကြောင်း သတင်းရရှိသည်။
နေရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com