မလေးရှားမြို့ပြသာယာရေးနှင့်အိုးအိမ်ဝန်ကြီးဌာနသည်နေအိမ်ဝယ်ယူမည့်သူတို့ကိုဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မှုပေးနိုင်ရန် ရည်ရွယ်၍ ငွေချေးခွင့်လိုင်စင်များ developer တို့ကိုထုတ်ပေးလျက်ရှိရာ အမြင့်ဆုံး အတိုးနှုန်းအနေဖြင့် ၆ ရာခိုင်နှုန်းမှာမျှတသည့် နှုန်းထား ဖြစ်ကြောင်းမလေးရှားအိုးအိမ်ဝန်ကြီး နိုအိုမာက ပြောကြားသည်ဟုမလေးရှားအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
“လက်ခံနိုင်ဖွယ် အတိုးနှုန်းဘယ်လောက်ဖြစ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ပြည်သူတွေဆီက သဘောထားထင်မြင်ချက်တွေ ရယူနေဆဲ ဖြစ်ပါတယ်။ လက်ရှိအချက်အလက်တွေအရတော့developer တွေအနေနဲ့ အတိုးနှုန်း ၆ ရာခိုင်နှုန်းယူတာဟာမျှတတဲ့နှုန်းဖြစ်တယ်လို့ အကြမ်းဖျင်းကောက်ချက်ချနိုင်ပါတယ်”ဟုအိုးအိမ်ဝန်ကြီးက ပြောကြားသည်။
ယခုစက်တင်ဘာလအစောပိုင်းတွင် developer တို့ကို ငွေချေးခွင့်လိုင်စင်များ ထုတ်ပေးသည့် သတင်းကို iMyanmarHouse.comတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/514573 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ထိုစဉ်ကသတ်မှတ်ခဲ့သည်မှာ နေအိမ်ဝယ်ယူလိုသူတို့အနေဖြင့် အာမခံပစ္စည်းထားရှိပါက အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနှင့် အာမခံမပေးပါက အတိုးနှုန်း ၁၈ ရာခိုင်နှုန်း ယူရန်သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းနောက်ပိုင်းတွင် အစိုးရအဖွဲ့က အိုးအိမ်ဝန်ကြီးဌာနအား ယင်းအစီအစဉ်နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရန် ညွှန်ကြားခဲ့သည် ဟုဆိုသည်။
၁၉၅၁ ခုနှစ် ငွေချေးငှားသူများအက်ဥပဒေအရ အာမခံပစ္စည်းထားရှိလျှင် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနှင့် အာမခံမရှိလျှင် ၁၈ ရာခိုင်နှုန်း အတိုးယူရန် သတ်မှတ်ထားသော်လည်း ၀န်ကြီးတစ်ဦးအနေဖြင့် အခြားစီမံကိန်းတစ်ရပ်အတွက်အတိုးနှုန်းပြန်လည်သတ်မှတ်နိုင် ကြောင်းလည်းအိုးအိမ်ဝန်ကြီး နိုအိုမာက ပြောကြားသည်။
မလေးရှားအိမ်ခြံမြေ developer များအသင်းဥက္ကဌ အစ္စကန်ဒါ မိုဟာမက် မန်ဆော်က ပြောကြားရာတွင်
“အတိုးနှုန်းတွေ၁၂ရာခိုင်နှုန်း၊၁၈ရာခိုင်နှုန်းတွေ တောင်းနေမယ်ဆိုရင် ခင်ဗျားဆီကို ဘယ်ဝယ်လက်မှလာမှာ မဟုတ်တော့ဘူး” ဟု ဆိုသည်။
Developerတို့သည်ဘဏ္ဍာရေးအင်စတီကျူးရှင်းများကဲ့သို့ ငွေကြေးအင်အားတောင့်မှုမရှိခြင်းကြောင့်၎င်းတို့ချေးငွေ ထောက်ပံ့နိုင်သည်မှာရင်းဂစ်၅၀၀၀၀၀ အောက်တန်ဖိုးသင့် နေအိမ်များသာဖြစ်ကြောင်းလည်း မိုဟာမက် မန်ဆော်က ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)