သည်နေ့မှာကမ္ဘာ့ရွှေဈေးက နှစ်ဒေါ်လာဝန်းကျင်တတ်ပြီး
ပြည်တွင်းရွှေဈေးက ကျပ် ၆၀၀၀ ကျော် ဈေး တတ်ပါတယ်။
ပြည်တွင်းရွှေဈေးအခုလိုအမြင့်တန်းရောက်နေတာက ဒေါ်လာဈေးတတ်ပြီး မြန်မာ့ငွေဈေးကျနေတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။သည်တစ်ပတ် ဈေးအဖွင့်မှာပဲ ပြည်တွင်း
ရွှေဈေးကတစ်ကျပ်သားကို၈၆၇,၀၀၀ရှိပါတယ်။တစ်နေ့ တည်းကျပ်၂၀၀၀ဝန်းကျင်ဈေးတတ်ပြီး၈၆၉,၀၀၀ ကျော်နဲ့ ဈေးပိတ်ခဲ့ပါတယ်။
ရွှေဈေးကျွမ်းကျင်သူတစ်ဦးက‘တစ်ပတ်တာရဲ့ နှစ်ရက်
မြောက်နေ့မှာပဲ ဈေးက ၆၀၀၀ ကျော်လောက် ဈေး ကွာလာတာ၊ ကမ္ဘာ့ဈေးက ကျနေတာပါပဲ၊ တစ်အောင်စကို ၁၃၁၆ ဒေါ်လာပဲ ရှိတာ၊ ပြည်တွင်းဈေးက အရင် ကမ္ဘာ့ဈေးတတ်တုန်းက ဈေးတန်းဖြစ်နေတာ၊ ဒေါ်လာဈေးက တော်တော်တတ်လာတော့ ပြည်တွင်းဈေးက အခုလို တက်တာပါ၊ဝယ်လိုအားကြောင့်ရောကမ္ဘာ့ဈေးကြောင့်
ရောကြောင့် မဟုတ်ဘူး၊ ခုအတိုင်းဆို ဈေးက ၁၀,၀၀၀ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်နေနိုင်တယ်’ လို့ ပြောပါတယ်။
သည်နေ့မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၃၁၆ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၇၃,၇၀၀ ကနေ နေ့လယ်ပိုင်းမှာ ကျပ် ၈၇၄,၀၀၀ ကျော်ရှိပါတယ်။ ငွေဈေးက ၁၂၅၇ ကျပ် ရှိပါတယ်။
Credit: The Modern