ပုဂံရှေးဟောင်းဇုန်အတွင်း ဟိုတယ် ၄၂ လုံး တည်ဆောက်ခွင့်ရရှိထားရာမှာ တည်ဆောက်ပြီးစီးလုဖြစ်သော ဟိုတယ် ၂၅ လုံးကို
ဆက်လက်တည်ဆောက်ခွင့်ပေးခဲ့တယ်လို့ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ
တယ်။
အဆိုပါဟိုတယ်များတည်ဆောက်မှုမှာ ၇၀ ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးလုဖြစ်နေတဲ့အတွက် ဆက်လက် တည်ဆောက်ခွင့်ပေးခဲ့ခြင်းဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။ တည်ဆောက်မှု
မဆောင်ရွက်ရသေးတဲ့ ကျန်ဟိုတယ် ၁၇ လုံးကို တည်ဆောက်ခွင့်မပြုဘူးလို့ သိရပါတယ်။
ဆက်လက်တည်ဆောက်ခွင့်ပြုလိုက်တဲ့ ဟိုတယ် ၂၅ လုံးကို
၁၀ နှစ် လုပ်ကိုင်ခွင့်ပေးမှာဖြစ်ပြီး လုပ်ငန်းရှင်များ အနေနဲ့ ၁၀နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ မရရှိသေးပါက
၁၅ နှစ်အထိ လုပ်ကိုင်ခွင့်ပေးမှာ ဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။
၁၅ နှစ်လုပ်ကိုင်ခွင့် ပြီးပါက ဟိုတယ်များကို ရှေးဟောင်းဇုန်နဲ့
၇ ကီလိုမီတာ ကွာဝေးတဲ့ ဟိုတယ်ဇုန်မှာ ပြောင်းရွှေ့
လုပ်ကိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်။
ပုဂံရှေးဟောင်းဇုန်ကို ယူနစ်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်း
အမွေအနှစ်စာရင်းသို့ ၀င်ရန်အတွက် ကြိုးပမ်း
ဆောင်ရွက်လျက်ရှိရာ ပုဂံဒေသရဲ့ အခြေအနေအရ
လူနေမှုအဆောက်အအုံနဲ့ ယဉ်ကျေးမှု အမွေအနှစ်
ရောထွေးလျက်ရှိတဲ့ အမွေအနှစ်ဇုန် Mixed Ancient Zone
အဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး အတွက်
ယူနက်စကိုသို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
ညောင်ဦးနဲ့အနီးပတ်ဝန်းကျင်ကိုမည်သည့် ခေတ်မီအဆောက်အအုံမှ ထပ်မံတည်ဆောက်မပြုဘူးလို့လည်း သိရပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီး
သွားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရ၊ မြန်မာ နိုင်ငံ
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း
ရှေးဟောင်း သုတေသနပညာရှင်များ၊ ဗိသုကာပညာရှင်များ
ဆွေးနွေးညှိနှိုင်းခဲ့ပြီး ညှိနှိုင်းသဘောတူညီချက်များကို
စီးပွားရေးကော်မတီသို့ တင်ပြကာ သက်ဆိုင်ရာ ၀န်ကြီးဌာနကအဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Credit: SFJ Strategy First