ဟောင်ကောင်တွင်ကွန်ပြူတာနှင့်ဆက်စပ်ပစ္စည်းများရောင်းသည့် နာမည်ကျော် Golden Centre အဆောက်အအုံကြီးကို ပြည်မကြီးသူဌေးတစ်ဦးအား ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၄ဘီလီယံ (ကန်ဒေါ်လာ ၅၆၃ သန်း) ဖြင့် ရောင်းချရန်စီစဉ်ခဲ့ပြီးဖြစ်ရာ ဟောင်ကောင်ဒေါ်လာ ၂ ဘီလီယံကျော် မြတ်စွန်းခဲ့ကြောင်း ရှန်ဟိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆောက်အအုံတည်နေရာမှာ ဟောင်ကောင်ရှိ ရွှန်းဝမ်ခရိုင်၊ ဒေဗူးလမ်း အမှတ် ၁၈၈ တွင် တည်ရှိသည်။
အဆောက်အအုံကြီးတွင် ကြမ်းခင်းဧရိယာအကျယ်အ၀န်း စုစုပေါင်း ၁၅၆၀၀၀ စတုရန်းပေရှိပြီး ၀ယ်လက်အမည်ကို ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း သတင်းပေါက်ကြားမှုများအရ တရုတ်ပြည်မကြီး၊ ရှန်ကျန်းအခြေစိုက် သူဌေးတစ်ဦး ဖြစ်သည်ဟု ဆိုသည်။
Golden Centre အဆောက်အအုံကြီး၏ သက်တမ်းမှာ ၂၅ နှစ်ရှိပြီဖြစ်ပြီး ရောင်းချသည့်ကုမ္ပဏီမှာ ဟောင်ကောင်အခြေစိုက် DEVELOPER ဟန်ဒါဆန်ဖြစ်သည်။
၂၇ ထပ်မြင့်မားသော အဆိုပါအဆောက်အအုံကြီးကို စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၈၀၀၀ ဖြင့် henderson မှ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဟန်ဒါဆန်မှာဘီလျံနာလီရှောက်ကီပိုင်ဆိုင်သောကုမ္ပဏီဖြစ်သည်။
လာမည့် ဒီဇင်ဘာ ၁ ရက်တွင် အရောင်းအ၀ယ်ကို အပြီးသတ်ပြုလုပ်နိုင်ရန် ရည်မှန်းထားသည်။
ပြည်မကြီးမှ အခြေချနေထိုင်သူများစွာ ဟောင်ကောင်သို့ ၀င်ရောက်လာကြမှုကြောင့် ဟန်ဒါဆန်ကဲ့သို့ developer များ များစွာ အကျိုးဖြစ်ထွန်းလျက်ရှိသည်။
ဟောင်ကောင်တွင် ရုံးခန်းနေရာငှားခများ အလွန်မြင့်တက်လျက်ရှိလာရာ Golden Centre ၏ အရှေ့ဘက်တစ်ကီလိုမီတာခန့်ပင် မဝေးသောနေရာ၌ ရုံးခန်းအငှားဈေးမှာစတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၇၈ (တစ်လလျှင်) ပေးရရာ နယူးယောက်ရှိ မန်ဟက်တန်အရပ် ရုံးခန်းငှားခထက် ၇၆ ရာခိုင်နှုန်း ပိုမိုများပြားလျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)