ကန်ဒေါ်လာလဲနှုန်း အမြင့်ဈေးတွင်သာ ရပ်တည်

ကန်ဒေါ်လာလဲနှုန်း အမြင့်ဈေးတွင်သာ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
22 Sep 2016 11:05 am တွင် တင်ခဲ့သည်
1177 ကြိမ် ကြည့်ရှု့ပြီး
ဘဏ်နှင့် ငွေကြေးအဖွဲ့ အစည်းအချို့က ပြင်ပဈေးကွက် တွင် ၀င်ရောက် ဈေးကစားမှု ကြောင့် အမေရိကန် ဒေါ်လာတန်ဖိုးဆက်တိုက်မြင့်တက်လာ
ကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာဈေး သည် စက်တင်ဘာ ၂၀ ရက် နံနက်က တစ်ဒေါ်လာလျှင် ၁,၂၆၀ ကျပ်သို့ မြင့်တက်ပြီး မွန်းလွဲပိုင်း တွင် ၁,၂၅၇ ကျပ်သို့ ပြန်လည်ကျ ဆင်းလာသည်။

ပြင်ပဈေးကွက်တွင် နံနက် စတင်ဈေးဖွင့်ချိန်၌ ဈေးနှုန်းဆွဲတင်မှုကြောင့် ပြီးခဲ့သည့် ရက်ထက် တစ်ဒေါ်လာလျှင် ၁၇ ကျပ်ခန့် မြင့်တက်လာသည်။

စက်တင်ဘာ ၂၁ ရက်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၂၅၁ ကျပ်ခန့် ဈေးရှိပြီး ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၁,၂၃၅ ကျပ် ဖြစ်သည်။

ပြည်တွင်းစီးပွားရေး လုပ် ငန်းရှင်များသည် ၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီက စတင်၍ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှု ကို လျှော့ချခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင်လည်း ယေဘုယျဆန်သော စီးပွားရေးမူဝါဒကြောင့် လုပ်ငန်းရှင်များက စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ခြင်းမရှိသေးဘဲ ဘဏ်များတွင် ငွေများအပ်နှံပြီး အစိုးရ၏ အခြေအနေကို စောင့် ကြည့်နေကြသည်ဟု ဆိုသည်။

ထို့ကြောင့် ဘဏ်များတွင် အပ်ငွေများလာသဖြင့် ငွေကြေး လည်ပတ်မှု အကျပ်အတည်းကို ဘဏ်လုပ်ငန်းရှင်များက စိုးရိမ် နေပြီး ပြင်ပဈေးကွက်က အမေရိကန်ဒေါ်လာ အရောင်းအ၀ယ်ပြုလုပ်ခြင်းကြောင့် ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ယခုအချိန်တွင် ဒေါ်လာဈေး တက်ခြင်းသည် ပို့ကုန်နည်းသည့် အချိန်ဖြစ်ခြင်းကြောင့် ကုန်ဈေး နှုန်းမြင့်တက်မှုကို လူအများခံစား ရနိုင်သည်ဟု စီးပွားရေးပညာရှင် အချို့က ပြောသည်။

မိုးရာသီတွင် ပုဂ္ဂလိကကဏ္ဍ မှ ပြည်ပသို့တင်ပို့နေသည့် ကုန် ပစ္စည်းများ၌ ပဲမျိုးစုံ တစ်မျိုးသာ အများဆုံးဖြစ်ပြီး ဆန်အပါအ ၀င် လယ်ယာထွက်ကုန်များ တင်ပို့မှုမှာ အနည်းငယ်သာရှိသည်။

သွင်းကုန် ကဏ္ဍတွင် ပွင့်လင်းရာသီ မကြာမီရောက်ရှိမည်ဖြစ်ရာ စက်သုံးဆီ တင်သွင်းမှု အများဆုံးအချိန် ရောက်ရှိလာမည်ဖြစ်ကြောင်း ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင် အချို့က ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service