ရန်ကင်းမြို့နယ်ကို ဗဟိုစီးပွားရေး ဇုန်ခွဲတစ်ခု ဖြစ်လာရန် စတင်လုပ်ဆောင်နေပြီဖြစ်

ရန်ကင်းမြို့နယ်ကို ဗဟိုစီးပွားရေး ဇုန်ခွဲတစ်ခု ဖြစ်လာရန် စတင်လုပ်ဆောင်နေပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
22 Sep 2016 10:35 am တွင် တင်ခဲ့သည်
2833 ကြိမ် ကြည့်ရှု့ပြီး
မဟာရန်ကုန်စီမံကိန်း ၂၀၄၀ အရ ရန်ကင်း မြို့နယ်ကို ဗဟိုစီးပွားရေးဇုန်ခွဲတစ်ခုဖြစ်လာရန်
စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှ
လက်ထောက်ဌာနမှူး ဦးတိုးအောင်က ပြောသည်။

"မဟာရန်ကုန်စီမံကိန်း ၂၀၄၀ ထဲမှာ ရန်ကင်းကို စီးပွားရေးလုပ်ငန်းတွေစုတဲ့ နေရာမျိုးဖြစ်အောင်
လုပ်မယ်လို့ စီမံကိန်း ဆွဲပြီးသားပါ။ အခုကတည်းက စပြီးလုပ်နေ ပါပြီ။ ကျွန်တော်တို့အနေနဲ့က
စီးပွားရေး လုပ်ငန်းတွေကိုရန်ကင်းမြို့ဘက်မှာ တိုးချဲ့ သွားအောင်၊ အဲဘက်မှာ
များများရင်းနှီးမြှုပ်နှံအောင်ပြောသွားမှာ"ဟု ၎င်းကပြောသည်။

အဆိုပါစီမံကိန်းမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း အကောင်အထည်ဖော်နေသည့်
စီမံကိန်းဖြစ်သည်။

စီမံကိန်းထဲတွင် ဗဟိုစီးပွားရေးဇုန်ခွဲများ ပြုလုပ်ရန်အတွက် ရန်ကုန်မြို့တွင်းရှိ နေရာ ငါးနေရာကို
သတ်မှတ်ထားပြီး ယင်းစီမံကိန်း ငါးခုအတွင်း ရန်ကင်းမြို့နယ်ကိုလည်း ဗဟိုစီးပွားရေးဇုန်ခွဲတစ်ခု
ပြုလုပ်သွားမည် ဖြစ်သည်။

စီမံကိန်းငါးခုမှာ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မဗဟိုစီးပွားရေးဇုန်၊ ရန်ကင်းမြို့နယ် ဗဟိုစီးပွားရေးဇုန်၊
ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း) သုံးမြို့နယ် ဆက်စပ်နေသည့်
ဒဂုံတောင်မြောက်လမ်းဆုံ စီးပွားရေးဇုန်စီမံကိန်း၊ပဲခူးမြစ်ကမ်းဘေး နှင့် သီလ၀ါစက်မှုဇုန်နှင့်
ဆက်စပ်လိုအပ် လာမည့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်သွားမည့်ဇုန်တို့ ဖြစ်သည်။

စီမံကိန်းငါးခုတွင် မင်းဓမ္မ ဗဟိုစီးပွားရေးဇုန်မှာ လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက
တင်ဒါအောင်မြင်ကာ လုပ်ငန်းစတင်လုပ်ကိုင်နေပြီဖြစ်ပြီး ကျန်စီမံကိန်းများကိုမူ အစိုးရက
စီမံဆောင်ရွက်သွားမည်ဟု ဦးတိုးအောင်ကပြောသည်။

"မင်းဓမ္မကိုပဲ လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီး သီးသန့်ဖွံ့ဖြိုးအောင် လုပ်သွားမှာ။ ဒါပေမဲ့
ရန်ကင်းတို့၊ တခြားစီမံကိန်းတွေဖြစ် တဲ့ တောင်မြောက်လမ်းဆုံတို့ကို မင်းဓမ္မလို မဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ရန်ကင်း မြို့နယ်က သူ့ဘာသာသူ ဖွံ့ဖြိုးရေးလုပ်ငန်း တွေလုပ်တာတွေက
ရှိနေပြီးပြီ။နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းတွေလည်း ရှိနေတယ်။ အဲဒါကြောင့် အဲဘက်မှာ
စီးပွားရေး လုပ်ငန်းတွေကို များများခွင့်ပြုပေးသွားမယ်"ဟု၎င်းက ပြောသည်။

ရန်ကင်းမြို့နယ်အား ဗဟိုစီးပွားရေးဇုန် ခွဲအဖြစ် သတ်မှတ်ရခြင်းသည် ရန်ကုန်မြို့လယ်၊
မြို့ပြင်မြို့နယ်များနှင့်အရမ်းမကွာဝေးဘဲ ရန်ကုန်မြို့ကြီး၏ အလယ်ခန့်တွင် ရှိနေကာ
လမ်းပန်းဆက်သွယ်ရေးကောင်း မွန်သောကြောင့်ယင်းနေရာတွင် ဗဟိုစီးပွား ရေးဇုန်ခွဲပြုလုပ်ရန်
သတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်း ဦးတိုးအောင်က ပြောသည်။

"ရန်ကင်းကို ဘာကြောင့် ရွေးချယ်ရတာလဲဆိုတော့ အဓိကက သူကရန်ကုန်မြို့ရဲ့ အလယ်မှာ
ရှိသလိုဖြစ်တယ်။လမ်းပန်း ဆက်သွယ်ရေးအတွက်လည်း ကောင်း တယ်၊ သွားလာရလွယ်တယ်၊
မြို့ထဲနဲ့လည်း နီးတယ်၊ မြို့ပြင်နဲ့လည်း မဝေးဘူး။ နောက်ပြီး သူ့ဟာနဲ့သူလည်း ဖွံ့ဖြိုးပြီးဖြစ်နေတယ်၊
အဲဒါကြောင့် ဒီနေရာမှာ ရန်ကုန်ရဲ့ စီးပွားရေးဇုန်ခွဲ ပုံစံမျိုးဖြစ်နေရင် မြို့ထဲဘက် မှာပဲ ပြည့်ကျပ်မနေဘဲ
ခွဲထွက်သွားမယ်" ဟု ၎င်းက ပြောသည်။

သို့သော် ရန်ကင်းမြို့နယ်သည် စီးပွား ရေးဇုန်တစ်ခု ပြုလုပ်ရန် လိုသည်အထိ မြို့ဧရိယာမကျယ်ဝန်းဘဲ
စီးပွားရေးလုပ် ငန်းများ အများအပြား လာရောက်ရင်းနှီး မြှုပ်နှံနိုင်သည်အထိ မြေနေရာလွတ်
မကျယ်တော့ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ က ပြောသည်။

"ကျွန်တော်ကတော့ ဗဟိုစီးပွားရေးဇုန် ခွဲလုပ်ဖို့ဆိုတာ ဒီထက်ပိုပြီး နေရာကျယ် ကျယ်မှာ
လွတ်လွတ်လပ်လပ်ဖြစ်သင့်တဲ့နေရာမျိုးမှာ လုပ်သင့်တယ်ထင်တယ်။ ရန်ကင်းမြို့နယ်က
ကျပ်နေပြီ။ ရန်ကင်း နေရာလေးနဲ့တော့ စီဘီဒီလုပ်လို့မရဘူး ထင်တယ်။ နေရာလွတ်တွေလည်း
သိပ်မရှိ တော့ဘူး။ နောက်ပြီး လူနေထိုင်မှုများပြီး စည်ကားနေပြီးသားနေရာမှာစီးပွားရေးဇုန်
ထပ်လုပ်ဖို့က အဆင်မပြေနိုင်ဘူး" ဟု Capital Development Construction ကုမ္ပဏီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် Asia Constructionကုမ္ပဏီမှ ဦးရန်အောင်က "ရန်ကင်းဘက်ကတော့ နေရာဧရိယာက
ကျဉ်းနေပြီ။ လုပ်ငန်းအရ စီးပွားရေးအစုံပါလို့တော့ မရလောက်ဘူး။ သီးသီးသန့်သန့် လုပ်ငန်းလောက်ပဲ
ရမယ်။ ဘဏ်တို့၊ရှေားပင်းမောတို့လောက်ပဲ ရမယ်။ ဒါပေမဲ့ အဲဘက်ကို စီးပွားရေးဇုန်လိုမျိုးလုပ်မယ်
ဆိုရင်လည်း မြို့ထဲမှာပြွတ်သိပ်နေတာ ထက်စာရင်တော့ အများကြီးကောင်းသွားလိမ့်မယ်" ဟု ပြောသည်။

ရန်ကင်းမြို့သည် လူနေထိုင်မှုများပြီး စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုလည်း အဆင် သင့်ရှိနေပြီဖြစ်သည့်
အတွက် ဗဟိုစီးပွားရေးဇုန်ခွဲစီမံကိန်းအဖြစ် အကောင်အထည် ဖော်ခြင်းထက် နေထိုင်မှုအား
လက်ရှိအနေ အထားထက် ပိုအဆင့်မြင့်သည့်နေထိုင်မှုကို ဖွံ့ဖြိုးအောင် ပြုလုပ်သင့်ကြောင်း
လုပ်ငန်း ရှင်အချို့က သုံးသပ်သည်။

ထို့ပြင် နောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပိုင်း အလားအလာကောင်းများရှိသည့် အတွက်
အစိုးရအနေဖြင့်လည်းယခုကဲ့သို့ ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတွက် စီမံကိန်း များကိုရေးဆွဲရာတွင်
လက်တွေ့အကောင် အထည်ဖော်နိုင်သည်အထိဆောင်ရွက်သင့်ကြောင်း ဦးရန်အောင်က
ပြောသည်။

"အစိုးရက လျာထားတဲ့ စီးပွားရေးဇုန်ခွဲ စီမံကိန်းတွေက ကောင်းပါတယ်။ ဒါပေမဲ့ အရင်အစိုးရ
လက်ထက်ကတည်းကတော့ဘာတွေလုပ်မယ်ဆိုပြီး သတ်မှတ်နေတာပဲ။ တကယ် လက်တွေ
့အကောင်အထည်ဖော်ဖို့ တော့ လိုတယ်။ အခုအနေအထားက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့
အလားအလာ ကောင်းလာပြီ။ တိတိကျကျ မြန်မြန်ဆန်ဆန်လေးလုပ်ဖို့တော့လိုတယ်" ဟု ၎င်းက ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service