လူမှုဖူလုံရေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေအတွက် လှိုင်သာယာနဲ့ရွှေပြည်သာစက်မှုဇုန် မြေလွတ်တွေ
မှာ တန်ဖိုးသင့်ဝန်ထမ်းအိမ်ရာတွေ
အကောင်အထည်ဖော်သွားမယ်လို့ အလုပ်သမား၊လူဝန်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူတွေက
ပြောပါတယ်။
လူမှုဖူလုံရေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေအတွက် ၀န်ထမ်းအိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ယခင်အစိုးရလက်ထက်က
စီစဉ်ခဲ့တာဖြစ်ပြီး မြေနေရာရရှိမှုပေါ်မူတည်ကာ အကောင်အထည်ဖော်သွားမှာ
လည်းဖြစ်ပါတယ်။
ဝန်ကြီးဌာနရဲ့ လူမှုဖူလုံရေးအဖွဲ့က အဆိုပါမြို့နယ်နှစ်ခုမှာ ၀န်ထမ်းအိမ်ရာအကောင်အထည်ဖော်ဖို့ မြေ ၁၀ ဧ က ရရှိထားတာကြောင့် ယင်းမြေပေါ်မှာ
စီမံကိန်းအကောင်အထည်ဖော်သွားမှာလည်းဖြစ်ပါတယ်။
အဆိုပါတန်ဖိုးသင့်အိမ်ရာတွေကို တိုက်ခမ်းတစ်ခုမှာ ရှိသင့်တဲ့အကျယ်ဝန်းနဲ့ရေမီးအစုံအလင်နဲ့ တည်ဆောက် သွားမှာဖြစ်ပြီး ထွက်ရှိလာတဲ့အခမ်းတွေ
ကိုလည်း လူမှုဖူလုံးရေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေကို အလှည့်
ကျရောင်းချသွားမှာလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း အဆိုပါစက်မှုဇုန်အတွင်းက လုပ်ငန်းရှင်တွေနဲ့ဇုန်ကော်မတီတွေက တည်ဆောက်ထားပြီး ဖြစ်တဲ့ စက်မှုဝန်ထမ်းအိမ်ရာတွေမှာ လာမယ့်အောက်တိုဘာလမှစပြီး အလုပ်သမားတွေကို
နေထိုင်ခွင့်ပေးမှာ ဖြစ်တယ်လို့ ဇုန်တာဝန်ရှိသူတွေထံက သိရပါတယ်။
Credit: SFJ Strategy First